ဆရာတော်တစ်ဦး ဆွမ်းခံကြွစဉ် လမ်း၌အသတ်ခံရ

ပဲခူးတိုင်းဒေသကြီး သာယာဝတီမြို့နယ် လှည်းလမ်းကူးကျေးရွာ သရက်တပင်ကျောင်းဆရာတော်

ဦးဣန္ဒကကျောင်းထိုင်ဆရာတော်သည် ယနေ့နံနက်၂၈.၁၂.၂၀၁၆ရက် နေ့ နံနက်အရုဏ်ဆွမ်းကျွေးတစ်ခု ကြွရောက်ရာတွင် လမ်းတွင်အသက်ခံရခြင်းနှင့်ပတ်သတ်၍…………

သိက္ခာတော်၂ဝခန့်ရှိ သရက်တစ်ပင်ကျောင်းထိုင်ဆရာတော်သည် အေးဆေးမှုကိုလိုလား၍ တောရဓုတင်ဆောက်တည်ဖူးခဲ့လေသည်။

အလှုရှင်ပေါ်ပေါက်လာ၍ သရက်တစ်ပင်ကျောင်တွင် ကျောင်းထိုင်ဆရာတော်ဘဝဖြင့် သာသနာပြုနေသည်။

မိမိ၏မယ်တော်အိုကြီးကိုလည်း ရဟန်းဘဝဖြင့် ပြုစုလုပ်ကျွေးနေသော ရဟန်းလိမ်မာ သားရတနာတစ်ပါးဖြစ်လေသည်။

ရတဲ့လာဘ်လာဘဖြင့်ရောင့်ရဲ၍ ဆင်းရဲချို့တဲ့စွာ သာသနာပြုနေသောအရှင်ကောင်းတစ်ပါးဖြစ်တယ် ဓမ္မာရုံကျောင်းဆောင်တစ်ဆောင်လည်း ဆောက်လုပ်နေဆဲဖြစ်သည်။

စကားကိုလဲ များများစားစားမပြောဘဲ အေးဆေးနေ၍ကွမ်းမြုံ၍ ပြုံးပြုံကြီးနေလေ့ရှိသောအရှင်

နွေရာသီယဉ်ကျေးလိမ်မာသင်တန်းကိုလည်း အားကြိုးမာန်တက် ကျောင်းကိုပစ်ထားပြီး အားသွန်ခွန်ဆိုက်ကြိုးပမ်းလေ့ရှိသူ

ဆွမ်းကွမ်းမပြည့်စုံလည်းရောင့်ရဲတက်သူ

ရန်ညှိုးရန်စရှိဖို့နေနေသာသာ စကားကိုပင် အများကြိ်းမပြောတက်သူ

အရှင့်ကိုမှီ၍အသက်ရှင်နေသော

မိခင်မယ်တော်ကြီး သားရဟန်းယခုလိုဘဝဖြင့်

အဖြစ်ဆိုးနဲ့ကြုံလာတော့ ဘယ်လိုဖြေသိမ့်နိုင်မလဲ

ရန်တစ်ပါးကို မည်သူကရက်ရက်စက်စက်သက်ခဲ့တာလဲ

ခေတ်စနစ်ကြီးက ရဟန်းတွေကို ပြောဖို့ ဆိုဖို့ ဆဲဖို့ သက်ဖို့

ဝန်မလေးတဲ့ခေတ်ကြီးဖြစ်နေပြီလား

မည်သိုပင် အပြစ်ရှိလို့ သေလောက်အောင်မုန်းတီးနေပါစေ

ဘုရားသားတော်ရဟန်းတစ်ပါးကို သေလောက်အောင်လုပ်ကြံဖို့ဆိုတာ ကြားလို့မတော် မြင်လို့မကောင်း သံသရာအဆက်ဆက် ခင်ပွန်းကြီး၁ဝပါးထဲမှာတစ်ပါးအပါဝင်ဖြစ်တဲ့ ရဟန်းတော်တွေကို သက်ပြစ်ဖို့ထိ မလုပ်သင့်ပါဘူး

လောကဥပဒေက ပေးတဲ့အပြစ်ကိုခံယူယုံလေးနဲ့

ပြုလုပ်လိုက်တဲ့အပြစ်က ကျေပြီလို့ထင်နေလား

စိတ်မကောင်းပါဘူးအရှင်ဘုရား လောကကြီးက ရိုးသားတာကို မလားတေား့ဘူးဖြစ်နေပြီလားလို့

တွေးထင်မိတယ်ဘဝဆက်တိုင်းသည်လိုအဖြစ်တွေ

မကြုံပါစေနဲ့လို့ဆုတောင်းပေးပါတယ်ဘုရား

ကျန်ခဲ့တဲ့အမေအိုကြီးကို စိတ်မချဖြစ်မနေပါနဲ့ဘုရား

ဝိုင်းဝန်းပြုစုထားမှာပါ အရှင်သာစိတ်အေးအေးနဲ့

တမလွန်ခရီး ဖြောင့်ဖြူးပါစေဘုရား

အရှင်ဘုရားပြုလုပ်ထားတဲ့ ကုသိုလ်တွေအတွက် အာရုံပြု သယ်ဆောင်သွားပါတော့ဘုရား

တပည့်တော်တို့ အရှင်ဘုရားသာသနာပြုလုပ်ငန်းတွေအတွက် ချီးကြူပါတယ်ဘုရား....

ဆရာတော်ဦးဣန္ဒက

သရက်တစ်ပင်ကျောင်းထိုင်ဆရာတော်

လှည်းလမ်းကူးကျေးရွာ

Source: Via Social Media

Go Goe

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။