လက်ရှိမြန်မာ့ပညာရေးစနစ်ကို မြှင့်တင်နိုင်ဖို့ အဓိကရည်ရွယ်ချက်ဖြင့် ပြုပြင်ပြောင်းလဲမှုများစွာ ပြုလုပ်ပေးနေတာတွေ့ရပါတယ်။ အဆိုပါ ပြုလုပ်ချက်များထဲမှ လက်ရှိကျေးလက်ဒေသများကို ပညာအလင်းရောင် ဖြန့်ဝေမှုလုပ်ငန်းများ ပြုလုပ်ပေးနေကြောင်း သိရပါတယ်။ 

ဒက္ခိဏခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများသည် ဒီကနေ့ ဧပြီလ ၁ ရက်နေ့ မွန်းလွဲပိုင်းတွင် ဒက္ခိဏသီရိ မြို့နယ်၊ ကျွန်းတက်ပဲ့ ကျေးရွာအုပ်စု၊ ဆည်စု ကျေးရွာသို့ သွားရောက်၍ ကျေးလက်နေ ပြည်သူများအား နယ်လှည့် စာကြည့်တိုက်ဖြင့် စာအုပ်စာစောင်များကို ငှားရမ်းပေးလျက်ရှိကြောင်း သိရပါတယ်။ အဆိုပါ နယ်လှည့်စာကြည့်တိုက်တွင် သုတ/ရသ စာအုပ်စာစောင် (၂၀၀)ကျော် ပါရှိကြောင်း သိရပါတယ်။  

ကျေးလက်နေ ပြည်သူများ ငှားရမ်း ဖတ်ရှုလိုသည့် သုတ/ရသ စာအုပ်(၁၀၀)ကျော်ကို ငှားရမ်းပေးမှုများ ပြုလုပ်ပေးခဲ့ကြောင်း သိရပါတယ်။ ယင်းငှားရမ်းပေးခဲ့သည့် စာအုပ်များကို ရက်သတ္တပတ် (၁)ပတ်ပြည့်လျှင် စာအုပ်အသစ်များဖြင့် ပြန်လည်၍ လဲလှယ် ငှားရမ်ပေးသွားမည် ဖြစ်ကြောင်း သိရတယ်။ 

Source - MOI

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။