Myanmar National Flight က Cabin Crew တွေ့ရဲ့ ဆိုးရွားလှတဲ့ ဆက်ဆံရေး

ဒီနိုင်ငံမှာ တစ်ယောက်တည်းဆို လေယာဉ်စီးရတာတောင် Secure မဖြစ်ဘူး..

မိန်းကလေးတစ်ယောက်တည်း ခရီးသွားတဲ့ အချိန် တာဝန်ရှိတဲ့ သူတွေကပါ Passenger ကိုအဲ့လိုဆက်ဆံရင် Customer Rights တွေဘာတွေ နေနေသာသာ ဘယ်သူ့ကိုအားကိုးရမလဲ တောင်မသိဘူး

(Crew တိုင်းကို ဆိုလိုတာလဲ မဟုတ်သလို Airline ကို နာမည်ဖျက်ချင်တာလဲ မဟုတ်ပါဘူး..အရင်လဲ MNA ပဲစီးဖြစ်တာများပါတယ် ဒါမျိုးမကြုံဖူးပါ)

???

(ဝိုင်း Share ပေးကြပါ)

၂၇ ရက်နေ့ ညနေ 4:45 Myanmar National Flight နဲ့ ဟဲဟိုးကနေ ရန်ကုန်ကို လိုက်ခဲ့တယ်..

Passenger ကို Officer တွေက ခရီးစဉ်တစ်လျှောက်လုံး လှောင်ပြောင်ပါတယ်

ပုံမှာပြထားတဲ့ 17D (Window Seat) မှာကိုယ် .. ဘေးက 17Cမှာ MNA က Crew (သို့) လုံခြုံရေးဝန်ထမ်း ဖြစ်ပုံရတဲ့ လူထိုင်တယ်

လေယာဉ် Takeoff လုပ်ခါနီးစားပွဲ ချပြီး လူစာရင်းတွေမှတ်နေတည်းက Officer ဖြစ်မယ်ဆိုတာ သိပါတယ်.

Takeoff စလုပ်ခါစ လေယာဉ်မောင်တစ်ယောက် က လာပြောတယ် စားပွဲတင်လိုက်ပါ ဆိုမှ တင်ပါတယ်..

"ပထမဦးဆုံးလှောင်ပြောင်ခြင်း"

Takeoff လုပ်နေတဲ့အချိန် ကိုယ့်ကို "ညီမ window shades ချမယ်နော်" လို့ပြောပါတယ်..

ကိုယ့်ရှေ့မှာထိုင်နေတာက Foreigner ဖြစ်နေတာက တစ်ကြောင်း သူက officer ဖြစ်ပုံပေါ်လို့ယူဆမိတာကတစ်ကြောင်း

"အစ်ကို Takeoff လုပ်နေတုန်း မချသေးပါနဲ့"လို့ကောင်းကောင်းမွန်မွန်ပြန်ပြောတယ်

ဒါကို ဟိုဘက်ဘေးက Aisle Seat မှာထိုင်တဲ့ သူ့ပါတနာနဲ့ ကိုယ့်ကိုမကြားကြားအောင် စာအုပ်ကွယ်ပြီး ပြောဆိုပြီးေ လှာင်ပါတယ်.. အရေးမကြီးတာကို ပေါ့လေ လေယာဉ်ခုမှစီးဖူးတဲ့တောသားပေါ့လေ (ကြားအောင်ကို ဟားတာပါ)

"အရေးမကြီးမှန်းသိပါတယ် စည်းကမ်းဟာ စည်းကမ်းပါ."

ဒါကို Officer တွေကစပြီး မလိုက်နာချင်တာ ငါသိတယ် ငါတတ်တယ် ပြချင်တဲ့ စိတ်ကို အတိုင်းသားမြင်မိတယ်..

"ဒုတိယမ္ပိ ရွဲ့စောင်းပြောခြင်း"

Takeoff လုပ်ပြီးတဲ့အချိန် Window shades ချလို့ရတော့ သူ့ရဲ့ ပါတနာကပြောပါတယ် "ဟဲ့ရောင် နေကာချလို့ရပီ ချလိုက်" လို့ပြောပါတယ်

ဒါကို ကိုယ့်ကို စောင်းပြောပါတယ် "သူအပူခံနိုင်တာပဲ ပူပစေ" တဲ့ အဲ့မှာ ဒေါသစထွက်သွားတယ်.. ရိုင်းလိုက်တာပေါ့... ဘေးက Passenger တွေကို အားမနာပဲ ဟေးလားဝါးလား လုပ်နေတာနဲ့ ကိုယ်လဲ earphones ကောက်တပ်လိုက်တယ် ...

"တတိယမ္ပိ Passenger ကိုလှောင်ပြောင်ခြင်း"

အဲ့ဒီ ၂ယောက်နဲ့ Crew တွေနဲ့ အဖွဲ့ကျ စကားတွေများကြပေါ့...

ခဏကြာတော့ ရေတောင်းတယ် လာမပေးဘူး

စိတ်ရှည်ရှည်စောင့်တယ် မလာဘူး

နောက်ဆုံး မလာတဲ့ အဆုံးထပ်တောင်းရတယ်

အဲ့ဒါနဲ့ စိတ်တိုလို့အတိုင်ခံရတော့မယ်လို့ကိုယ့်ကိုညည်းလိုက်တယ် ဘေးက ဟို Officer ကြားပါတယ်

ပြီးတော့ ကိုယ်က earphones နဲ့သီချင်းနားထောင်နေတယ် ကိုယ်မကြားဘူးထင်ပြီး Cabin Crew နဲ့ ငါတို့ကို တိုင်မလို့တဲ့ ဘာညာ ပြောပြီး ဟားကြပါတယ်

ကိုယ်က သိလို့ earphones ဖြုတ်ပြီး မေးငေါ့ပြပြီး ဘာလဲလို့ Cabin Crew ကိုမေးတော့မှ ရေတောင်းတာ မရလို့ Sorry ပါလို့ ဝတ်ကြေတမ်းကြေပြောပါတယ်

နောက်ဆုံး Passenger ကို Service ပါမပေးတော့တဲ့ထိ ဆက်ဆံခံရပါတယ်

လေယာဉ် Landing မလုပ်ခင် ချိုချဉ်လိုက်ဝေပါတယ်

အသွားရော အပြန်ရော ကိုယ့်ကိုမဝေ ပါဘူး (တစ်ကယ်တော့ ကိုယ်ကမူးတတ်လို့ ချိုချဉ်ငုံချင်ပါတယ် ဒါပေမယ့် မတောင်းချင်တော့လောက်အောင် စိတ်ပျက်မိခဲ့ပါတယ်)

လေယာဉ်ပေါ်က ဆင်းတော့ Complain တက်ဖို့ ရှာတော့ Terminal အသစ်မို့မရှိဘူးတဲ့

Ground staff တွေက အကြံပေးတယ် Email ပို့ပြီးတိုင်ပါတဲ့

(Cabin crew list လဲပေးလိုက်ပါတယ်)

Email လဲပို့ပါမယ်.လို့ facebook သုံးစွဲသူ တစ်ဦးမှ သူကြုံတွေ့ခဲ့ရတာကိုပြောထားပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။