ပရိသတ်အသည်းကျော်ကြီးအောင်လအန်ဆန်းကတော့ မြန်မာပြည်ကို အမြဲပြန်လာတက်ပြီး လိုအပ်ချက်စွာကိုလည်း ဖြည့်စွမ်းပေးနေသူတစ်ယောက်ပဲဖြစ်ပါတယ်။ မိခင်မြေဖြစ်တဲ့ မြန်မာနိုင်ငံသို့ မိသားစု စုံစုံလင်လင်ဖြစ် လာရောက်လေ့အလွန်နည်းပါးသူတစ်ယောက်ဖြစ်ပြီး မိသားစုပျော်ရွှင်စရာတွေကို ပြည်ပနိုင်ငံတွေမှာသာဖန်တီးတက်သူတစ်ယောက်လည်းဖြစ်တာ တွေ့ရပါတယ်။ 

ပရိသတ်အသည်းကျော် မြန်မာ့ချန်ပီယံကြီးအောင်လအန်ဆန်းနှင့် မိသားစုကတော့ မိခင်မြေဖြစ်တဲ့ မြန်မာပြည်ကို ရွှေပြမျိုးပြလာရောက်ခဲ့ပြီး အမိမြေမှာပျော်ရွှင်မှုတွေနဲ့ ဖြတ်သန်းသွားခဲ့ကြောင်း သိရပါတယ်။ အောင်လနှင့် ဇနီးဖြစ်သူတို့ကတော့ မြန်မာလူမျိုးတို့ရဲ့ အထွဋ်အမြတ်ထားရာ ရန်ကုန်မြို့ရှိ ရွှေတီဂုံစေတီပေါ်သို့လည်း လာရောက်လည်ပတ်ခဲ့ဖူးကြောင်း ပုံရိပ်များနှင့်တကွ တွေ့ရပါတယ်။ 

ရိုးရာကချင်အဝတ်အစားလေးနဲ့ ကြည်နူးပျော်ရွှင်နေတဲ့ သမီးယောက္ခမနှစ်ယောက်ကိုလည်းတွေ့မြင်ရမှာပဲဖြစ်ပါတယ်။ ချစ်စရာအောင်လရဲ့သားငယ်လေးရဲ့ ဓာတ်ပုံလေးတွေကလည်း ပရိသတ်တွေကို အင်အားဖြစ်စေမှာ အမှန်ပဲဖြစ်ပါတယ်။ ပျော်ရွှင်စရာမိသားစုအတွက် သူရဲကောင်းတစ်ဦးအဖြစ်ရပ်ပေးနေတဲ့ အောင်လရဲ့ မိသားစုပုံရိပ်လေးတွေကို ချစ်ပရိသတ်တွေအတွက်မျှဝေပေးလိုက်ပါတယ်။

Source - Aung La Nsang

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။