(၂)နှစ်ကျော်အချိန်အထိ အနိုင်အထက်ပြုကျင့်ပြီး ကာမ သွေးဆောင် ဖျက်ဆီးသည့် ပထွေးအား မယားပါသမီးမှ အမှုဖွင့်တိုင်တန်းမှုဖြစ်ပွား

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ နတ်ထိပ်ကျေးရွာအုပ်စု၊ နောင်တုတ်ကျေးရွာ ရာဘာခြံ တွင် မိခင်နှင့်အလုပ်လုပ်ကိုင်နေသည့် မ…သည် ပထွေးဖြစ်သူမှ အနိုင်အထက်ပြုကျင့်

ပြီး ကာမသွေးဆောင်ဖျက်ဆီးခဲ့မှုအား အရေးယူပေးရန် ဒီဇင်ဘာလ(၂၅)ရက်နေ့က

အိန္ဒုနယ်မြေရဲစခန်းသို့ လာရောက်တိုင်တန်းခဲ့သည့် ဖြစ်စဉ်တစ်ခုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

မ…(၂၁)နှစ်၊(ဘ)ဦးကျော်လွင်၏တိုင်တန်းစာအရ မ---မှာ၄င်းနေထိုင်ရာ

ဇာတိဖြစ်သော ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၊ ဘွက်ကုန်းကျေးရွာ

အုပ်စု၊ စာဖြူကျေးရွာမှ ၂၀၁၃ခုနှစ်ခန့်က ထွက်လာခဲ့ပြီး မိခင်နှင့်အတူ လာရောက်

နေထိုင်ကာ အလုပ်လုပ်ကိုင်ခဲ့ကြောင်း၊ မိခင်ထံသို့ ရောက်ရှိပြီး (၁၅)ရက်ခန့်အကြာ

တွင် မိခင်ဖြစ်သူ ဒေါ်သင်းသင်းနွယ် မရှိခိုက် ပထွေးဖြစ်သူ ကျော်လေး၊ ၃၈နှစ်မှ

နေအိမ်ပေါ်သို့ အတင်းဆွဲခေါ်ကာ သားမယားအဖြစ် ပြုကျင့်ခဲ့ပြီး ဘယ်သူ့မှမပြောရန် နှင့်ပြောပါက သတ်မည်ဟုခြိမ်းခြောက်ခဲ့ကြောင်း၊ ၄င်းအနေဖြင့် မိခင်ဖြစ်သူအား ပြောပြ

ချင်သော်လည်း မိခင်ဖြစ်သူမှာ ပထွေးဖြစ်သူ၏ အရိပ်ကိုမှီခိုနေရသူဖြစ်ရာ စိတ်ဆင်းရဲ

မည်စိုးသဖြင့် ပြောမပြခဲ့ကြောင်း၊ ၄င်းအား ပထွေးဖြစ်သူမှ အကြိမ်ကြိမ်သားမယား အဖြစ်ပြုကျင့်နေခဲ့ရာမှ ကိုယ်ဝန်ရရှိခဲ့ကြောင်း၊ ယင်းကိစ္စနှင့်ပတ်သက်ပြီး ပထွေးဖြစ်

သူမှ မိခင်ဖြစ်သူနှင့်မ…တို့အား ဘယ်သူ့မှ မပြောရန်ပြောပါက သတ်ပစ်မည်ဖြစ်ကြောင်း

ခြိမ်းခြောက်ခဲ့ရာ မိခင်ဖြစ်သူမှာလည်း မတတ်သာသဖြင့် မည်သူ့ကိုယ်မှ မပြောခဲ့

ကြောင်း၊ ပထွေးဖြစ်သူနှင့် သမီးတစ်ယောက်မွေးကာ အဆိုပါ ကလေးအား လွန်ခဲ့သည့် ၂၀၁၅ခုနှစ်ခန့်က ပထွေးဖြစ်သူမှ ၄င်းအဒေါ်ထံသို့ ပို့ဆောင်လိုက်ကြောင်း၊ ယခုအခါ ပထွေးဖြစ်သူမှ မ…အားအကြိမ်ကြိမ်ညှင်းပန်းနှိပ်စက်သည့်အပြင် မိခင်ဖြစ်သူနှင့်

မအိပ်တော့ဘဲ ၄င်းနှင့်သာ အတူတူလာအိပ်ကာ သားမယားအဖြစ် နေထိုင်လျှက်ရှိ

ပြီး မ…အနေဖြင့် ပထွေးဖြစ်သူ၏ နှိက်စက်မှုအား မခံနိုင်တော့သဖြင့် ဥပဒေအရ

အရေးယူပေးရန် လာရောက်တိုင်ကြားခဲ့ခြင်းဖြစ်ကြောင်း အိန္ဒုနယ်မြေရဲစခန်း၏

ပထမသတင်းပေးတိုင်ချက်အရ သိရှိရသည်။

ထို့နောက် စခန်းမှူး ရဲအုပ် ဇော်နိုင်အောင်မှ မ…၏တိုင်တန်းချက်အား ဒီဇင်ဘာ

လ(၂၅)ရက်နေ့ မွန်းလွဲ(၂)နာရီ၊မိနစ်(၄၀)အချိန်တွင် အိန္ဒုနယ်မြေရဲစခန်း၏ (ပ)၁၁၅/၂၀၁၆၊ရာဇသတ်ကြီး ဥပဒေပုဒ်မ-၃၆၆ ဖြင့် သတင်းချက်လက်ခံရေးဖွင့်ခဲ့ပြီး

အမှုအား ဒုရဲအုပ် စိုင်းဝင်းမျိုးအား စစ်ဆေးရန် တာဝန်ပေးခဲ့ပြီး အမှုစစ်မှ

နယ်ထိန်းတပ်ဖွဲ့ဝင်များနှင့်အတူ အစွပ်စွဲခံရသူ ကျော်လေး၊ ၂၁နှစ်၊(ဘ)ဦးဖိုးလှော်၊ နောင်တုတ်ကျေးရွာ၊ နတ်ထိပ်ကျေးရွာအုပ်စု၊ ဘားအံမြို့နယ်နေသူအား အမှုဖြင့်

သွားရောက်ဖမ်းဆီးခဲ့ပြီး ဥပဒေနှင့်အညီ ဆက်လက်စစ်ဆေးဆောင်ရွက်လျှက်ရှိကြောင်း

သိရသည်။

Credit -

မင်းသူ/ထွန်းထွန်းထွေး(ဘားအံ)

ဘားအံသတင်း

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။