ပြင်ဦးလွင် အမျိုးသားကန်တော်ကြီး

ဥယျာဉ်တွင် မုဒိန်းမှုဖြစ်

2016 ဒီဇင်ဘာ 28 ရက်နေ့ 12း00 နာရီအချိန်တွင်

ပန်းပွဲတော်ကျင်းပရာ အမျိုးသားကန်တော်ကြီးဥယျာဉ်

ရွံ ့နွံတောအတွင်း၌ မုဒိန်းမှုတစ်ခုဖြစ်သွားကြောင်းသတင်း

ရှိပါသည်။

12း55 နာရီအချိန်တွင် ကျူးလွန်ခံရသူ ကာယကံရှင်

အမျိုးသမီးက ကန်တော်ကြီးဥယျာဉ် လုံခြုံရေးအားတိုင်

တန်းရာ လုံခြုံရေးကမ်မရာ များပြန်လည်စစ်ဆေးပြီး ရဲတပ်

ဖွဲ့အကူအညီဖြင့်လိုက်လံဖမ်းဆီးနိုင်ခဲ့သည်။

ပြင်ဦးလွင်ရဲတပ်ဖွဲ့ ၏ လျှင်မြန်ဖျတ်လပ်မှုဖြင့်

ဒီဇင်ဘာစားသောက်ဆိုင်တွင် တရားခံကို နေ့ချင်းအချိန်မီ

ဖမ်းဆီးနိုင်ခဲ့သည်။

ပြစ်မှုကျူးလွန်သူကို ဆက်လက်စစ်ဆေးနေပြီး ရဲလုပ်ထုံးများအရ တိကျခိုင်မာအောင် အမှုတွဲတည်ဆောက်နေ

ကြောင်းသိရသည်။

ပြစ်မှုကျူးလွန်သူမှာ

ဖိုးခွါး(ခ )စည်သူခိုင်

ဘ /ဦးသိန်းလွင်

အလုပ်အကိုင် ပန်းထိမ်သင်

နေရပ် ----------- ရွာ

စစ်ကိုင်းတိုင်းဒေသကြီး ဖြစ်သည်။

ပြစ်မှုကျူးလွန်ခံရသူမှာ

မဇင်မာအောင်

ပညာအရည်အချင်း(၁၀ )တန်းအောင်

အသက် (၂၀)နှစ်

ကွန်ပျူတာစာရင်းကိုင်

=====ကုမ္ပဏီ။ မန္တလေးမြို့ ဖြစ်သည်။

ဖြစ်စဉ် အားလုံး ရဲတပ်ဖွဲ့မှ အသေးစိတ်ဆောင်ရွက်

နေကြောင်း သိရသည်။

ယင်းဖြစ်စဉ်သည် ပြင်ဦးလွင် ဂုဏ်သိက္ခာကို ညှိုးမှိန်

မှုမဖြစ်အောင် ရဲတပ်ဖွဲ့အနေဖြင့် ဆောင်ရွက်သင့်သည်။

တရားလို တရားခံ ညှိနှိုင်းအဖြေရှာသည့်နည်းကို

လုံးဝလက်သင့်မခံနိုင်ကြောင်း ပြင်ဦးလွင် အမျိုးသား

ကန်တော်ကြီးဥယျာဉ်မှ ထပ်ဆင့်တရားစွဲဆိုသင့်သည်။

ရွှေဘိုမင်းသုခ

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။