ဟင်္သာတမြို့တွင် ဒီဇင် ဘာ ၂ရရက် နံနက် ၁နာရီခွဲခန့်က လင်မယားချင်း စကားများရာမှ ခင်ပွန်းက ဓာတ်ဆီဖြင့်လောင်းကာ မီးရှို့သဖြင့် နှစ်ဦးစလုံးမီးလောင်မှုဖြစ်ပွားခဲ့ကြောင်း မြို့မရဲစခန်းမှ သိရသည်။

ဟင်္သာတမြို့ ဥယျာဉ်တောင် ရပ်ကွက်တွင် အသက်(၁၉)နှစ်ခန့် ရှိသူ ဇနီးသည် မခိုင်သဇင်နှင့် အ သက်(၂၅)နှစ်ခန့်ရှိသူ ခင်ပွန်း ကိုတင်နိုင်ဦးတို့နှစ်ဦး စကားများရန်ဖြစ်ရာမှ ယင်းကဲ့သို့ဖြစ်ပွားရခြင်းဖြစ်သည်ဟု မြို့မရဲစခန်းမှ ရဲအုပ်ဟန်ဝင်းထွဋ်ကပြောသည်။

‘‘ဘာကြောင့်ဖြစ်တယ် ဆို တာတော့ တိတိကျကျမပြောနိုင် သေးပါဘူး။ နှစ်ယောက်စလုံးရန် ကုန်ဆေးရုံကို ချက်ချင်းပို့လိုက်ရ တာဆိုတော့ အသေးစိတ်စစ်မေး တာတွေမလုပ်နိုင်သေးပါဘူး’’ဟု ဒုရဲအုပ် ဟန်ဝင်းထွဋ်က ပြော သည်။

မီးလောင်မှု ဖြစ်ပွားနေ ကြောင်း ပတ်ဝန်းကျင်ရှိ လူများကသိရှိသည့်အခါ ကိုတင်နိုင်ဦး၏ ခန္ဓာကိုယ်တွင် မီးများစွဲလောင်နေပြီး ၎င်းသည် နေအိမ်အနီးရှိကျောက်စည်ပိုင်းအတွင်း ဝင်ထိုင်နေခဲ့သည်။ မခိုင်သဇင်သည် လည်း မီးလောင်နေသဖြင့် ဝတ်လစ်စားလစ်ဖြစ်နေ၍ ပတ်ဝန်းကျင်ရှိ လူများက ရေလောင်း၍ မီးငြိှမ်းသတ်ကာ အဝတ်များဖြင့် ဖုံးအုပ်ပေးခဲ့ရကြောင်း သိရှိရသည်ဟု ဒုရဲအုပ်ဟန်ဝင်းထွဋ်က ပြောသည်။

ဖခင်၏ နေအိမ်တွင် တီဗီ ကြည့်နေသည့် ဇနီးသည်ကို အ ဆိုပါအိမ်နှင့် လေးအိမ်ကျော်ရှိ ၎င်းတို့နေထိုင်ရာ အိမ်သို့ ဆိုင်ကယ်ကယ်ရီဆွဲရာမှ ပြန်လာသည့်ခင်ပွန်းသည်က လာရောက်ခေါ်ဆောင်သွားခဲ့သည်။ယင်းနောက် လင်မယားချင်း စကားများခဲ့ပြီးခင်ပွန်းက ဆိုင်ကယ်အတွင်းရှိသည့် ဓာတ်ဆီဘူးကိုယူ၍ ၎င်းခန္ဓာကိုယ်နှင့် အိပ်ခန်းအတွင်းရှိ မွေ့ရာ၊ စောင်၊ ခြင်ထောင်များအားလောင်းကာ မီးရှို့ခဲ့ကြောင်း ရဲတပ်ဖွဲ့၏ မှတ်တမ်းများအရ သိရသည်။

မီးလောင်မှုကြောင့် အဆိုပါလင်မယားနှစ်ဦးအား ဟင်္သာတပြည်သူ့ဆေးရုံကြီးမှ ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ဆေးကုသရန်ပို့ဆောင်ထားသည်။ အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ မီးရှို့မှုကျူးလွန်သူ ကိုတင်နိုင်ဦးအား ဟင်္သာတမြို့မ ရဲစခန်းက ရာဇသတ်ကြီး ဥပဒေပုဒ်မ ၄၃၅/၃၀၉ ဖြင့် အမှုဖွင့်ထားကြောင်း သတင်းရရှိသည်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။