လက်ရှိကျင်းပပြုလုပ်နေတဲ့ မြန်မာနှစ်သစ်ကူးပွဲတော်ကို ပရိသတ်များစွာလည်း အပျော်တွေနဲ့အတူ ပါဝင်ဆင်နွှဲနေကြပြီထင်ပါတယ်။ တစ်နှစ်နှင့်တစ်နှစ်မတူညီတော့တဲ့ ပုံစံတွေကြားက မြန်မာ့ရိုးရာတွေမပျောက်ပျတ်အောင် ထိန်းသိမ်းမှုတွေပြုလုပ်လျှက်ရှိတာတွေ့ရပါတယ်။ နှစ်စဉ်ကျင်းပပြုလုပ်တဲ့ မန္တလေးတိုင်းဒေသကြီးမှာ LGBT လမ်းလျှောက်သင်္ကြန်ပွဲ ယခုနှစ်မှာလည်းစည်စည်ကားကား ဆင်နွှဲခဲ့တာတွေ့ရပါတယ်။

ဒီနှစ်မန္တလေးသင်္ကြန်မှာလည်း အဆိုပါ LGBT လမ်းလျှောက်သင်္ကြန်ပွဲကို စည်စည်ကားကားဆင်နွှဲခဲ့ကြောင်း ပုံရိပ်မျာနှင့်တကွ သိရပါတယ်။ အဆိုပါ LGBT မန္တလေး လမ်းလျှောက်သင်္ကြန်ပွဲနဲ့ပတ်သက်ပြီး အမျိုးသား၊ အမျိုးသမီးများစွာက သူတို့လည်း ပါဝင်ဆင်နွှဲချင်ကြပေမဲ့ စနောက်သူတွေ၊ လှောင်ပြောင်သူတွေရှိတဲ့အတွက် အခုလို အဖွဲ့လိုက်ဆင်နွှဲဖြစ်သွားတာလို့ ဦးဆောင်စီစဉ်သူတဦးဖြစ်တဲ့ စူးရှရှင်းသန့်က ပြောပြခဲ့ပါတယ်။

ရေကစားပြီး အပြန်မှာလည်း လမ်းတလျှောက် ကျနေတဲ့အမှိုက်တွေကို နိုင်သလောက် ကောက်ယူသွားကြမှာဖြစ်ပြီး မြန်မာ့ရိုးရာသင်္ကြန်ပွဲတော်ကို ယဉ်ယဉ်ကျေးကျေး လည်ပတ်ကစားနိုင်တယ်ဆိုတာပြချင်တဲ့ အတွက် လည်းအခုလို LGBTမိသားစုတွေရဲ့ လမ်းလျှောက်သင်္ကြန်ပွဲကိုလုပ်ဆောင်ဖြစ်တာလို့ သိရပါတယ်။ LGBT လမ်းလျှောက်သင်္ကြန်ပွဲ မှာ LGBT တွေအပြင် မိသားစုဝင်တွေ ထောက်ခံအားပေးသူအချို့ပါ ပါဝင်မှာဖြစ်ပြီး လူဦးရေ ၇၀ နီးပါးလောက် ပါဝင်ဆင်နွှဲသွားဖို့ရှိတယ်လို့လည်း သိရပါတယ်။

Source - BBC

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။