အိမ်သာထဲထိ ဖုန်းယူသွားတတ်သူတွေ သတိထားသင့်တဲ့အချက်များ

တခါတရံ ဖုန်းကို အိမ်ထဲထိ ယူသွားတတ်ကြပါတယ်။

ဒါ သိပ်အန္တရာယ်များတဲ့ အလေ့အကျင့်တစ်ခုဖြစ်ပါတယ်။ ကိုယ်ကိုယ်တိုင်နဲ့ အခြားသူတွေကို ရောဂါပိုးတွေနဲ့ ထိတွေ့စေနိုင်ပါတယ်။ လက်ကဆေးစရာရှိိတာကိုဆေးပြီး ဖုန်းကိုင်မယ်ဆိုရင်တောင် လက်ဆေးရတာ အနှောင့်အယှက်ဖြစ်စေနိုင်သလို ဖုန်းပေါ်ကပ်ပါလာတဲ့ ဘက်တီးရီးယားပိုးတွေအားလုံး လက်ပေါ်ပြန်ရောက်သွားပါလိမ့်မယ်လို့ တစ်ကိုယ်ရေသန့်ရှင်းရေးဆိုင်ရာ ကျွမ်းကျင်သူ ဒေါက်တာ Lisa Ackerley က ဆိုပါတယ်။

ဗိုင်းရပ်စ်ရောဂါပိုးနဲ့ မစင်အညမ်းအကြေးကူးပြောင်းမှာ စိုးရိမ်ပါက အိမ်သာထဲ ဖုန်းမယူသွားသင့်ဘူးလို့ Queen Mary's တက္ကသိုလ် ဇီဝဆေးဝါးသိပ္ပံဘာသာရပ်ဆိုင်ရာ ဒါရိုက်တာ ဒေါက်တာ Ron Cutler က ပြောဆိုခဲ့ပါတယ်။ အညစ်အကြေးပမာဏက အိမ်သာရှိတဲ့နေရာပေါ်မူတည်ပြီး များစွာ ခြားနားတယ်လို့ သူက ဆိုပါတယ်။

ရုံးသေးသေးလေးက ပြသနာမဖြစ်နိုင်ပေမယ့် ရောဂါပိုးမွှားတွေ အဆင့်ဆင့်ပျံ့နှံ့နေနိုင်တဲ့ ဆေးရုံ သို့မဟုတ် အပျော်စီးသင်္ဘောတွေကတော့ တခြားစီဖြစ်ပါတယ်။ ရောဂါပိုးကူးစက်တာ လက်တစ်ခုတည်းကနေမဟုတ်ပါဘူး။ အိမ်ရေဆွဲချရာက အမှုန်အမွှားတွေဟာ ၆ ပေဝန်းကျင်အထိ ကူးနိုင်ကြောင်း ဒေါက်တာ Ackerley က ပြောဆိုခဲ့ပါတယ်။ ဒါကြောင့် သွားတိုက်တံတွေကို အိမ်သာနဲ့ နီးနီးကပ်ကပ် မထားသင့်သလို ဖုန်းကိုလည်း အိမ်သာရေတိုင်ကီပေါ် မထားသင့်ပါဘူး။

ရောဂါပိုးတွေဟာ ဖုန်းပေါ် ၂ရက်မက အသက်ရှင်နေနိုင်ကြပါတယ်။ ဖုန်းပူနွေးက ဘက်တီးရီးတွေအတွက် ကောင်းမွန်တဲ့ ဝန်းကျင်ဖြစ်စေတာပါ။ သကြားလုံးတွေကိုင်ပြီး ဖုန်းမှာ စေးကပ်ကပ်ကျန်ပါက ဘက်တီးရီးပိုးတွေအတွက် ပိုလို့တောင်ကောင်းမွန်တဲ့ နေရာတစ်ခုဖြစ်တယ်လို့ ဒေါက်တာ Ackerley က ပြောဆိုခဲ့ပါတယ်။ ဒီတော့ လက်ကို ဆပ်ပြာနဲ့ ဆေးကြောပြီး အိမ်သာမတက်ခင် ဖုန်းကို အပြင်မှာထားခဲ့ဖို့ မမေ့ပါနဲ့။

Source: Trend Myanmar

Go Goe

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။