အသက်အရွယ်ကြီးရင့်လာတဲ့ ကိုယ့်ပုံစံကိုဖျောက်ပြီး ငယ်ငယ်ရွယ်ရွယ် တက်တက်ကြွကြွပုံလေးပဲ ပေါ်နေစေချင်တယ်ဆိုရင်တော့ အောက်ပါနည်းလမ်းတွေကိုလိုက်နာနိုင်ပါတယ်။

၁။ နုပျိုလှပတဲ့ ဆံပင်ဖြစ်စေဖို့

သင့်ရဲ့ လှပတဲ့ဆံနွယ်လေးတွေကလည်း အသက်အရွယ် ငယ်ရွယ်နုပျိုမှုရဲ့ လက္ခဏာတစ်ခုပါပဲ။ ငယ်ရွယ်စဉ်ကအဆက်မပြတ် ဆံပင်အခြောက်မှုတ်ခဲ့တဲ့ဒဏ်၊ ဆံပင်အရောင်ဆိုးခြင်း၊ ကောက်ခြင်း၊ဖြောင့်ခြင်းတွေကြောင့် အသက်ကြီးလာတဲ့အခါမှာ ဆံနွယ်တွေ ကျိုးပျက်ပြီး ခြောက်သွေ့တတ်ပါတယ်။ ဒါကြောင့်မို့လို့ ဆံနွယ်တွေရဲ့ ကြီးရင့်မှုလက္ခဏာကို အထူးပြေပျောက်စေဖို့အတွက် ဆံနွယ်တွေကို စိုပြေလှပတောက်ပြောင်အောင် အစဉ်အမြဲပြုပြင်ထိန်းသိမ်းဖို့အတွက် တိုက်တွန်းပေးလိုက်ပါတယ်။

၂။ သွားများဖြူဖွေးနေအောင် ဂရုစိုက်ပါ

ဖြူဖွေးတောက်ပနေတဲ့ သွားလေးများဟာလည်း သင့်ရဲ့အသက်ကို ငယ်ရွယ်နုပျိုစေတယ်ဆိုတာကို မေ့မထားပါနှင့်ဦး။ သွားများကို ဖြူဖွေးစေချင်တယ်ဆိုရင်တော့ သွားဖြူသွားတိုက်ဆေး ဒါမှမဟုတ် အုန်းဆီနှင့် သွားကို တိုက်ပြီး အသုံးပြုပေးနိုင်ပါတယ်။ အုန်းဆီနှင့် သွားကို မနက်တိုင်း မိနစ် ၂၀ လောက် သွားတိုက်ပေးလိုက်ပါ။ ဒါဆိုရင် ဖြူစင်တောက်ပတဲ့ သွားတွေကို ရရှိစေမှာတော့ မလွဲဧကန်ပါပဲ။ တစ်ခုသတိထားရမှာက တစ်ချို့သော နှုတ်ခမ်းနီတွေက သင့်ရဲ့သွားကို ဝါသယောင်ဖြစ်စေတတ်လို့ပါပဲ။ အကောင်းဆုံး ရွေးချယ်မှုကတော့ အပြာရောင်သန်းတဲ့ နှုတ်ခမ်းနီဟာ သင့်ရဲ့ သွားများကို ပိုမိုဖြူစင်စေလို့ပါပဲ။

၃။ အဝတ်အစားသစ်များဝတ်ဆင်ပါ

အထူးသဖြင့် အဝတ်အစားအသစ်များကို ဦးစားပေးဝတ်ဆင်ခြင်းဟာ သစ်လွင်လှပနေတဲ့ အလှကို ပေါ်လွင်စေမှာအသေအချာပါပဲ။ အပြင်ထွက်တဲ့အခါမှာလည်း ခပ်ပွပွ ဝတ်စုံတွေကို မဝတ်ဆင်ဘဲ ခပ်ကျပ်ကျပ်၊ ကိုယ့်ခန္ဓာကိုယ်နှင့် အံဝင်ဂွင်ကျတဲ့ ဝတ်စုံများကို အထူးဝတ်ဆင်ဖို့တိုက်တွန်းလိုက်ပါတယ်။

၄။ မျက်ခုံးမွေး

မျက်ခုံးမွေးဆိုတာကလည်း သင့်ရဲ့အလှကို ပုံသွင်းပေးနိုင်တဲ့အရာတစ်ခုပါပဲ။ မျက်ခုံးမွေကို ခပ်ရင့်ရင့်အရောင်တွေ မသုံးဘဲ သဘာဝအတိုင်း ခပ်ကုံးကုံး မျက်ခုံးမွေးလေးပဲထားပေးလိုက်ပါ။

၅။ မျက်နှာပြင်လေ့ကျင့်ခန်းများ

မျက်နှာပြင်လေ့ကျင့်ခန်းများ ပြုလုပ်ခြင်းကလည်း မျက်နှာအသားအရေကိ ုမြှင့်တင်ပေးပြီး နုပျိုစိုပြေလှပစေပါတယ်။

၆။ ရေသောက်ပါ

ရေလုံလောက်စွာ သောက်သုံးခြင်းကလည်း သင့်ရဲ့ ဇရာအရေးအကြောင်းတွေကို အထူးပျောက်ကင်းစေမှာ အသေအချာပါပဲ။ တစ်နေ့ကိုရေနှစ်လီတာသောက်သုံးခြင်းအားဖြင့် အရေးအကြောင်းတွေကို ၂၄ ရာခိုင်နှုန်းလောက်ပြေလျော့စေပါတယ်။

Source : MODA

Alexa

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။