သေးငယ်ပြီးသွယ်လျတဲ့ခါးတစ်စုံကို ပိုင်ဆိုင်ထားတဲ့သူဟာ ဘာဝတ်ဝတ်သိသိသာသာကြီးကို လှနေတတ်ပါတယ်။ ဒါကြောင့် သေးငယ်တဲ့ခါးအလှရရှိနိုင်ဖို့အတွက် အောက်ပါနည်းလမ်းတွေကို လိုက်နာလုပ်ဆောင်သင့်ပါတယ်။

၁။ ခါးတစ်စောင်းအိပ်ထမတင်လုပ်ခြင်း

ဒီလေ့ကျင့်ခန်းလေးကိုပြုလုပ်ပေးမယ်ဆိုရင် သင့်ရဲ့ နံဘေးကြွက်သားတွေကိုကျစ်လစ်စေပြီး ခါးအဆီတွေသိသိသာသာလျော့ကျစေနိုင်ပါတယ်။ဝိတ်မတာနဲ့မတူဘဲဘေးတစ်စောင်းပြုလုပ်ရတဲ့လေ့ကျင့်ခန်းဖြစ်တဲ့အတွက် ကိုယ်တွင်းြွကက်သားရော အပြင်ြွကက်သားပါထိရောက်စေပါတယ်။ ကြမ်းပြင်မှာလက်ကိုတစ်တောင်ဖြင့်ထောက်ကာ ဘေးတစ်စောင်းလှဲပြီး အိပ်ထမတင်ပုံစံမျိုးပြုလုပ်ပေးရမှာပါ။ ဘယ်ညာတစ်ဖက်ကိုတစ်လှည့်စီ တစ်ခါကိုအကြိမ် ၂ဝစီပြုလုပ်ပေးနိုင်ပါတယ်။ ဒီလိုအိပ်ထမတင်ပြုလုပ်တဲ့အခါမှာ swiss ဘောလုံးကို အကူပစ္စည်းအဖြစ်လည်းအသုံးပြုနိုင်ပါသေးတယ်။

၂။ ကြိုးခုန်ခြင်း

ကြိုးခုန်ခြင်းဟာ သင့်အတွက်အကောင်းဆုံးနဲ့အမြန်ဆုံးခါးသေးသွယ်စေတဲ့ လေ့ကျင့်ခန်းတစ်ခုပဲဖြစ်ပါတယ်။ သင့်ရဲ့ခန္ဓာကိုယ်တွင်းဇီဝဖြစ်စဉ်ပြောင်းလဲမှုတွေကိုမြန်ဆန်စေပြီး ဝိတ်ပါကျစေနိုင်တဲ့အတွက် တစ်မျိုးတည်းနဲ့အကျိုးနှစ်ခုတစ်ပြိုင်တည်းရရှိစေနိုင်ပါတယ်။ ကြိုးခုန်တဲ့အခါမှာလည်း ခါးကိုဟိုဘက်၊ ဒီဘက်လှည့်ပြီးပုံစံမျိုးစုံကစားပေးမယ်ဆိုရင် ပိုပြီးလျှင်မြန်ထိရောက်တဲ့ အကျိုးကျေးဇူးကိုရရှိနိုင်မှာပါ။ ဒီလေ့ကျင့်ခန်းကစားမယ်ဆိုရင်တော့ တစ်ကြိမ်ကိုစက္ကန့် ၄၀ ခန့် ခပ်မြန်မြန်ပြုလုပ်ပေးပြီးမှ ၁၅ စက္ကန့်လောက်နားပေးပါ။ တစ်နေ့ကို နာရီဝက်လောက်ပြုလုပ်ပေးခြင်းဖြင့် သင့်ခန္ဓာကိုယ်အတွင်းမှ ကယ်လိုရီများလောင်ကျွမ်းစေပြီး ခါးပတ်လည်မှအဆီများလည်းလျော့ကျသွားစေနိုင်ပါတယ်။

၃။ အလေးပြားသုံး၍ ခါးအောက်ပိုင်းပင့်တင်ပေးခြင်း

ဒီလှုပ်ရှားမှုက သင့်ရဲ့တင်အလှအတွက် သာမကခါးနောက်ကျောကြွက်သားတွေကိုပါကျစ်လစ်စေပါတယ်။ ပထမဆုံးအနေနဲ့ အလေးပြားကိုဗိုက်ပေါ်မှာတင်ထားပြီးဒူးကိုကွေးကာ အိပ်ထမတင်ပုံစံမျိုး အသင့်အနေအထားနေပေးရပါမယ်။ အဲဒီနောက် တင်ကိုပင့်တင်ပေးပြီး နောက်ကျောတစ်လျှောက်မြင့်တက်လာအောင်ဆွဲတင်ပေးရမှာပဲဖြစ်ပါတယ်။ တင်နှင့်ခါး တစ်လျောက် မြင့်နိုင်သလောက်မြှင့်တင် ပေးပြီး ခြေဖျားကိုထောက်ပေးရမှာပါ။ တစ်ခါလုပ်ရင် ၁၀ ကြိမ် မှ ၁၅ ကြိမ်အထိ ထပ်ခါထပ်ခါ ၆ ကြိမ်ခန့်ပြုလုပ်ပေးခြင်းဖြင့် ဆွဲဆောင်မှုရှိရှိလှပနေတဲ့ ခါးလေးကိုရရှိစေမှာပဲဖြစ်ပါတယ်။

၄။ ထောင့်မှန်ကျကျ တင်မြှင့်တင်ခြင်း

ဒီလေ့ကျင့်ခန်းဟာ သင့်ရဲ့ဝမ်းဗိုက်ကန့်လန့်ဖြတ်ြွကက်သားတွေကို အားကောင်းကောင်းနဲ့လှုံ့ဆော်ပေးနိုင်တာကြောင့်ပြုလုပ်မယ်ဆိုရင် ပုံသဏ္ဍန်မှန်မှန်ပြုလုပ်ဖို့ကအရေးကြီးပါတယ်။ အားစိုက်ပြီးပြုလုပ်ရတဲ့လေ့ကျင့်ခန်းတစ်ခုဖြစ်ပေမဲ့ သိသာတဲ့အကျိုးရလာဒ်ကိုပေးစွမ်းနိုင်တယ်ဆိုတာကတော့ အသေချာပါဘဲ။ စတင်ပြုလုပ်တော့မယ်ဆိုရင် ကြမ်းပြင်ပေါ်မှာကျောကိုလှဲချပြီး အက္ခရာ L ပုံစံရအောင် သင့်ရဲ့ခြေထောက်တွေကိုတင်ပါးနဲ့အညီ် အပေါ်သို့မြှင့်တင်ပေးပါ။ ဒီလိုလုပ်တဲ့အခါမှာလည်း တင်ပါးနဲ့တစ်ထောက်ကွေးကြားမှာ ကွေးမနေဘဲဖြောင့်နေအောင်ထားရပါမယ်။ ဒီလို ၁၀ မိနစ်မှ ၁၅ မိနစ် အထိတောက် လျောက်ပြုလုပ်ပေးခြင်းဖြင့် သင့်ရဲ့ ြွကက်သားတွေသန်မာစေရုံသာမက ခါးကိုသေးသွယ်ကျစ်လစ်စေပါလိမ့်မယ်။

၅။ ခါးကွင်းလှည့်ခြင်း

အဓိကခါးသေးဖို့ဆိုရင်တော့ ခါးလှည့်ကွင်းလေးတွေကိုလည်းမေ့ထားလို့တော့မဖြစ်ဘူးလေ။ ခါးလှည့်ကွင်းလေးတွေကိုနာရီဝက်လောက်ကစားပေးရုံနဲ့သင့်ရဲ့ ကယ်လိုရီ ၂ဝဝ လောက် လောင်ကျွမ်းသွားမယ်ဆိုတာက မယုံနိုင်စရာတော့မရှိပါဘူး။ ဘေးထွက်ဆိုးကျိုးလည်းမရှိဘဲ မိမိအိမ်မှာပဲအလွယ်တကူနဲ့ ပေါ့ပေါ့ပါးပါးပြုလုပ်နိုင်တဲ့ လေ့ကျင့်ခန်းလည်းဖြစ်ပါတယ်။ ခါးကွင်းလေ့ကျင့်ခန်းကိုပြုလုပ်ပေးခြင်းဖြင့် သင့်ရဲ့ခါးနဲ့ဝမ်းဗိုက်တစ်လျှောက် ရှေ့နောက်လှုပ်ရှားမှုကိုအဆက်မပျက်ဖြစ်ပေါ်စေပြီး အဆီတွေကိုလောင်ကျွမ်းကာ ကျစ်ကျစ်လစ်လစ် ဖြစ်စေပါလိမ့်မယ်။ နေ့စဉ်မှန်မှန်တစ်ပတ်လောက်ပြုလုပ်ပေးမယ်ဆိုရင်တော့ သင့်ရဲ့ခါးဆိုဒ်ဟာအချိန်တိုအတွင်းမယုံကြည်နိုင်လောက်အောင် ပြောင်းလဲသွားတာကိုမြင်တွေ့နိုင်မှာပါ။

Source : MODA

Alexa

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။