လက်ရှိကမ္ဘာ့အဆင့်မီ လက်ဝှေ့တွေထဲက One Championship ပွဲကိုတော့ ပရိသတ်များစွာအားပေးနှစ်သတ်ကြမယ်ထင်ပါတယ်။ အဆိုပါ One Championship ပွဲကို မြန်မာ့ကိုယ်စားပြု ဖိုက်တာမလေးတွေထဲက တစ်ယောက်ဖြစ်တဲ့ ကယန်းတိုင်းရင်းသူလေး အန်တိုနီယာကိုတော့ ပရိသတ်ကြီး ရင်းရင်းနှီးနှီးသိကြမယ်ထင်ပါတယ်။ကယားပြည်နယ်၊ လွိုင်ကော်မြို့မှာမွေးဖွားပြီး ကယန်းလူမျိုးတစ်ဦးဖြစ်တဲ့ သူမဟာ မိသားစုဝင်တွေထဲမှာ အငယ်ဆုံးဖြစ်ပြီး ငယ်စဉ်ကတည်းက လုံးထွေးသတ်ပုတ်နေရတာ ဝါသနာပါသူဖြစ်ကြောင်း သိရပါတယ်။ 

အန်တိုနီယာဟာ အသက် ၁၆ နှစ်အရွယ်မှာ မိဘတွေသဘောမတူတဲ့ကြားက Boxing စတင် ကစားဖို့ ဆုံးဖြတ်ရင်း ဒီလောကထဲကို ရောက်လာခဲ့သူတစ်ယောက်လည်း ဖြစ်ပါတယ်။ မိသားစုဝင် ၅ ဦးထဲက အငယ်ဆုံးဖြစ်တဲ့ အန်တိုနီယာကို အစ်ကိုဖြစ်သူတွေက ဒီကစားနည်းကို မကစားဖို့ တားမြစ်ခဲ့ဖူးပေမယ့် အခုလို လမ်းကြောင်းမှန်ပေါ်မှာ ပရိသတ်သတိထားမိသူတစ်ဦးဖြစ်လာတဲ့အခါမှာတော့ မိသားစုဝင်အားလုံး အမြင်တွေပြောင်းသွားပြီး ထောက်ပံ့ပေးမှုတွေတောင် ပြုလုပ်လာကြတယ်လို့ သိရပါတယ်။  

ယခင်က Boxing သီးသန့်သာ ကစားပေမယ့် နောက်ပိုင်းမှာ လက်သီးတစ်မျိုးတည်းအားပြုကစားရတာကို မကျေနပ်တော့တာကြောင့် MMA ပြောင်းပြီးကစားဖို့ ဆုံးဖြတ်လိုက်တာလို့ သူမက ပြောပြခဲ့ပါတယ်။ MMA အပါအဝင် စုစုပေါင်း ပွဲစဉ် ၁၁ ပွဲထိုးသတ်ခဲ့ဖူးပြီဖြစ်တဲ့ အန်တိုနီယာဟာ သူ့ရဲ့ MMA ပထမဆုံးပွဲဦးထွက်မှာ ပြိုင်ဘက် ရွှေစင်ကို စက္ကန့်ပိုင်းအတွင်းထိုးသတ်အနိုင်ယူပြီး MMA မှတ်တမ်းကောင်းကိုလည်း ရေးထိုးထားသူပါ။ သူဟာ လက်ရှိအချိန်မှာတော့ တစ်နေ့ကို ၂ နာရီကြာ လေ့ကျင့်မှု နှစ်ကြိမ်ပြုလုပ်ရင်း လာမယ့်ပွဲစဉ်တွေအတွက် ပြင်ဆင်နေတယ်လို့လည်း သိရပါတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။