ဤသာသနာတော်၌ မတ်စွာဘုရား ကိုယ်တော်တိုင် ထွက်ကြွ ကြို ဆို၍ ချီးမြောက်ခြင်း ခံရသော ပုဂ္ဂို လ်ထူး ရ-ဦး ရှိလေသည်။ ၎င်းတို့မှာ-

၁။ အရှင်မဟာ ကဿ ပ

၂။ အရှင်မဟာ ကပ္ပိန

၃။ အရှင် အနုရုဒ္ဓါ

၄။ အရှင် ကာဋိကဏ္ဏသောဏ

၅။ ဝနဝါသီ တိဿ သာမဏေ

၆။ ရဝတ သာမဏေ

၇။ အရှင် ပုက္ကု သာတိ… တို့ဖြစ်သည်။

၁။ အရှင်မဟာကဿ ပ-

ဓုတင် အရာဧတဒဂ်ရ တတိယသာဝက ရှင်မဟာကဿ ပ ဖစ်သည်။ ဓမ္မဝိနယတို့ကို ယနေ့အထိ မပျောက်ပျက်အောင် ပထမ သင်္ဂါယနာတင်၍ ဦးဆောင်ခဲ့ပြီး ထရဝါဒ သာသနာတော် အတွက် အလွန်ကျေးဇူးများသူ ဖစ်သည်။

'သေနနိဂုံး' လူသေစွန့်ရာ အရပ်မှ 'သင်္ကန်းလျာ' အဖြစ် မတ်စွာဘုရား ကိုယ်တော်တိုင် ပံ့သုကူ ကာက်ယူ၍ ဝတ်ဆင်တော်မူသော, တန်ခိုးရှိန်စော် အာနုဘော် ကြီးလှသော သင်္ကန်းတော်မြတ်ကို (သင်္ကန်းချင်း) လဲလှယ်ဝတ်ဆင်ခွင့် ရသောသူ ဖစ်၏။ (မြတ်စွာဘုရား ပံ့သုကူ ကာက်စဉ် မဟာပထဝီ မကြီး သိမ့်သိမ့်တုန်လှုပ် ခဲ့သည်အထိ ထူးမြတ်သော သင်္ကန်းတော် ဖစ်သည်။)

မိဘများ ဆန္ဒအလျောက် ပိပ္ပလိ သတို့သားနှင့် ဘဒ္ဒကာပိလာနီ သတို့သမီးတို့သည် လက်ထပ်သော်လည်း ရာဂမဖက် သန့်ရှင်းစွာ နကြလေသည်။

မိဘများ ဆုံးပါးပြီးနောက် မူလရည်ရွယ်ချက် အတိုင်း အလုံးစုံသော ဥစ္စာတို့ကို စွန့်လှူ ပြီး မတ်စွာဘုရားကို ရည်မှန်းရဟန်းဝတ်ကာ မတ်စွာဘုရား ရှိရာ ရာဇဂြိုဟ်သို့ ရှင်မဟာကဿ ပ အလောင်းတော် ပိပ္ပလိ ရဟန်းနှင့် ဘဒ္ဒကာပိလာနီ ရဟန်းမတို့ အတူထွက်လာကြသည်။

ထို့နောက် လမ်းဆုံတစ်ခုအရောက်၌ သူတစ်ပါး အမြင်မမှားစေရန် လမ်းခွဲထွက်လာရာ မဟာပထဝီမြေကြီး တုန်လှုပ်လေ၏။ ထိုအကြောင်းကို မတ်စွာဘုရား သိမြင်တော်မူ၍ ဝဠု ဝန် ကျာင်းတော်မှ သုံးဂါဝုတ် ခရီးကို တစ်ကိုယ်တည်း ကြွလာကာ ရာင်ခြည်တော် ၆-သွယ် လွှတ်၍ ကြို ဆိုချီးမြောက်တော် မူလေသည်။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

၂။ အရှင်မဟာကပ္ပိန-

ကုက္ကု ဋဝတီ တိုင်းပြည်မှ မဟာကပ္ပိန မင်းကြီး ဖစ်သည်။ ရဟန်းယောကျ်ား အများအပြားကို တစုတည်း တစ်ထိုင်တည်း အကျွတ်တရား ရအောင် ဟာနိုင်သော နရာတွင် 'ဘိက္ခု သြဝါဒက' ဧတဒဂ်ဘွဲ့ ရသူဖြစ်သည်။

ရှးဘဝ ပါရမီအလျောက် ရတနာမြတ်သုံးပါးကို ဆည်းကပ်လို သာကြောင့် မင်းသည်တော်တို့ကို အရပ်လေးမျက်နှာသို့ သုံးယူဇနာ အရပ်ထိ န့စဉ်သတင်းထောက် စလေ၏။

တနေ့တွင်မူ သာဝတ္ထိပြည်မှ လာသော လည်းကုန်သည်များ ထံမှ 'မြတ်စွာဘုရား ပွင့်တော်မူပြီ' ဟူသော စကား ကြားသိရလေသည်။ ထိုစကား မဆုံးခင်ပင် ပီတိကြောင့် သတိလစ် လ၏။ သုံးကြိမ်မေး၍ သုံးကြိမ်လုံး ပီတိကြောင့် မာမေ့၏။ လးကြိမ်မြောက်မှ ထိန်းနိုင်၍ ဆက်မေးလေရာ ဓမ္မရတနာနှင့် သံဃာရတနာမြတ် တို့အကြောင်း ကြားသိ၍ ပီတိဖြစ်ပြန်လေသည်။

ထိုသတင်းအတွက် လှည်းကုန်သည်များကို ဆုပေးပြီး အတူပါ အမတ်တစ်ထောင်နှင့် တိုင်ပင်ကာ ''မိမိတို့အားလုံး ဘုရားထံသွား၍ ရဟန်းပြု တာ့မည့် အကြောင်း''ကို လှည်းသမားများအား အနော်ဇာ မိဖုရားကြီးထံ စာလွာပို့ဆက်စေ၏။

ထို့နောက် အမတ်တစ်ထောင်နှင့်အတူ မင်းစီး၍ မတ်စွာဘုရားရှိရာ သာဝတ္ထိပြည်သို့ ထွက်လာကြလေသည်။ ရတနာသုံးပါး၏ ဂုဏ်ကျေးဇူးကို သစ္စာဆို၍ မစ်သုံးစင်းကို ဖတ်ကျော်ခဲ့ပြီး နာက်ဆုံး မစ်တဘက်ကမ်း ညာင်ပင်ကြီးအောက်တွင် မတ်စွာဘုရားသည် ထက်ဝယ်ဖွဲ့ခွေ ရာင်ခြည်တော် ၆-သွယ်လွှတ်၍ ကြိုဆိုချီးမြောက်တော် မူလေသည်။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

၃။ အရှင်အနုရုဒ္ဓါ-

အလောင်းတော် သိဒ္ဒတ္တမင်းသားနှင့် ဝမ်းကွဲညီတော်, မရှိစကား မကြားဖူးသော, ဒိဗ္ဗစက္ခု ဧတဒဂ်ရ အရှင်အနုရုဒ္ဓါ ဖစ်သည်။ ချစ်တတ်သောသူ, သူ့သဘော လိုက်လျောတတ်သူ ဟု အဓိပ္ပါယ်ရသည်။

'န,ထက် ဣတင်၊ မည်မှန်ပင်၊ အစဉ်မှတ်ကြ၊ အနိရုဒ္ဓ'' ဟု ဗုဒ္ဓသာသနိက ပထဝီဝင်ကျမ်းတွင် 'အနိရုဒ္ဓ' ဟုလည်း ပဖူး၏။ မချု ပ်ပျောက်, မပျက်စီးသောသူ ဟူ၏။

မတ်စွာဘုရားရှင် ပည်တော်ဝင်ပြီးနောက် သာကီဝင် မင်းသားတစ်ထောင်တို့ ရဟန်းပြု၏။ သို့သော် ဘဒ္ဒိယ, အနုရုဒ္ဓါ, အာနန္ဒာ, ဘဂု, ကိမိလ, ဒဝဒတ္တ ဤသာကီဝင် မင်းသား ၆-ပါး ရဟန်းမပြု ဘဲ နရာ 'သာကီဝင် မဟုတ်သောကြောင့် ရဟန်းမပြု ' ဟု ကဲ့ရဲ့ကြသည်။ ထိုခါမှ မင်းသားများ ရဟန်းပြု ကြလေသည်။

ထိုပထမဝါ၌ပင် အရှင်ဘဒ္ဒိယ ရဟန္တာဖြစ်သည်။ အရှင်အနုရုဒ္ဓါသည် ဒိဗ္ဗစက္ခု အဘိညာဉ် ရတော်မူသည်။ အရှင်ဒေဝဒတ်မူ လာကီသမာပတ် ၈-ပါးရ၏။ အရှင်အာနန္ဒာ သာတာပန် ဖစ်လေသည်။ ဘဂုထေရ်နှင့် ကိမိလမထေရ်တို့ကား နာက်မှ ရဟန္တာ ဖစ်တော်မူ၏။

တရံသောအခါ အရှင်အနုရုဒ္ဓါသည် အရှင်သာရိပုတ္တရာထံ ချဉ်းကပ်၍ မးလျှောက်လေ၏။ အကျဉ်းမှာ-

>အကျွန်ုပ်သည် ဒိဗ္ဗစက္ခုအဘိညာဉ်ဖြင့် တစ်ထောင်သောလောကဓာတ်ကို မင်ပါသည်။

>မတွန့်ဆုတ်သောလုံလဖြင့် အားထုတ်ပါသည်။ မ့လျော့မရှိ သတိအမြဲ ထင်ပါသည်။ ကိုယ်ပူလည်း မရှိဘဲ ငြိမ်းအေးပါသည်။ စိတ်သည် တစ်ခုသော အာရုံ၌ ကာင်းစွာတည်ပါသည်။

>သို့သော် အာသဝေါတရားတို့မှ မလွတ်နိုင်သေးပါ။

အရှင်သာရိပုတ္တရာက ပန်ဖြေကြားပုံမှာ-

>သင်သည် တစ်ထောင်သော လာကကို မင်၏ဟု မာန်ဖြစ်နေသည်။

>မတွန့်ဆုတ်ဘဲ စိတ်သည် တစ်ခုသောအာရုံ၌ တည်နေသည်ဟု ဥဒ္ဓစ္စ ဖစ်နေသည်။

>အာသဝေါတရားမှ မလွတ်သေးဟု သံသယ ကုက္ကစ္စ ဖစ်နေသည်။

ဤ 'မာန' 'ဥဒ္ဓစ္စ' 'ကုက္ကစ္စ' တရားသုံးပါးကို ဖယ်ထုတ်၍ သင်၏စိတ်ကို နိဗ္ဗာန်သို့ ပို့ဆောင်လော့ ဟုတရားပေးလေ၏။

အရှင်အနုရုဒ္ဓါသည် အရှင်သာရိပုတ္တရာထံမှ ကမ္မဋ္ဌာန်း သင်ယူပြီး စတိတိုင်း အရှေ့ဘက် ဝါးတောသို့ ကြွရောက် အားထုတ် လသည်။ ၁၅-ရက် မအိပ်မနေ စင်္ကြိံလျှောက် အားထုတ်၍ ပင်ပန်းနွမ်းနယ် သာကြောင့် ခတ္တအပန်းဖြေစဉ် မဟာပုရိသ ဝိတက်ကြီးများ ဖစ်ပေါ်လာသည်။

၁။ ဤလောကုတ္တရာ တရားသည်… အလိုနည်းသူသာ ပည့်စုံ၏။ အလိုကြီးသူ မပြည့်စုံ။

၂။ ရာင့်ရဲလွယ်သူသာ ပည့်စုံ၏။ မရောင့်ရဲသူ မပြည့်စုံ။

၃။ ဆိတ်ငြိမ်သူသာ ပည့်စုံ၏။ အဖေါ်၌ ပျာ်သူ မပြည့်စုံ။

၄။ လုံ့လထက်သန်သူ ပည့်စုံ၏။ ပျင်းရိသူ မပြည့်စုံ။

၅။ သတိကောင်းသူ ပည့်စုံ၏။ သတိလွတ်သူ မပြည့်စုံ။

၆။ စိတ်တည်ကြည်သူ ပည့်စုံ၏။ မတညြ်ကည်သူ မပြည့်စုံ။

၇။ ပညာရှိသူသာ ပည့်စုံ၏။ ပညာမဲ့သူ မပြည့်စုံ။

ထို ရ-ပါး ဖစ်ပေါ်ပြီး အရဟတ္တမဂ် အတွက် ၈-ခုမြောက် တရားလိုသေးရာ မတ်စွာဘုရား သိမြင်တော်မူ၍ တန်ခိုးတော်ဖြင့် အလျင်အမြန် ကြွလာချီးမြောက်၍ တရားဟောတော် မူလေသည်။

၈-ခုမြောက်အဖြစ်, ဤလောကုတ္တရာတရား ၉-ပါးသည်…

သံသရာကို ချဲ့တတ်သည့် တဏှာ, မာန, ဒိဋ္ဌိ ဟူသော ပပဥ္စတရားမှ ကင်းသည့် နိဗ္ဗာန်၌ မွ့လျော်ပျော်ပိုက် တတ်သော ပုဂ္ဂိုလ်တို့သာ ပည့်စုံ၏။ တဏှာ, မာန, ဒိဋ္ဌိ တရားတို့၌ မွ့လျော်ပျော်ပိုက် တတ်သော ပုဂ္ဂိုလ်တို့၌ မပြည့်စုံပေ။…

ထို့နောက် မတ်စွာဘုရားသည် အရှင်အနုရုဒ္ဓါအား ဤဝါးတော၌ပင် ဝါကပ်ရန် မိန့်တော်မူပြီး တန်ခိုးတော်ဖြင့်ပင် ပန်ကြွသွား လသည်။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

၄။ အရှင် ကာဋိကဏ္ဏသောမ-

အမျိုးသမီးများအနက် ပထမဆုံး သာတာပန် 'ကာဠီ' သဌေးကတော်၏ သား (တရားဟောချိုသာရာ၌ 'ကလျာဏဝါက္ကရဏ- ဧတဒဂ် ဘွဲ့ရ) ဖစ်သည်။ မယ်တော်သည်, သာတာဂီရိ နတ်မင်းနှင့် ဟမဝတ နတ်မင်းတို့ ကာင်းကင်၌ ဘုရားရှင် ပွင့်လာကြောင်း အမေးအဖြေ ပာသည်ကို နာယူ၍ သာတာပန် ဖစ်သောသူ ဖစ်သည်။ ထိုညမှာပင် အရှင်သောဏ အလောင်းကို ဖွားမြင်လေ၏။

အရွယ်ရောက်သော် မိတ်ဆွေများနှင့် ကုန်ရောင်း သွားလေ၏။ လမ်းခရီး၌ အိပ်စက် အနားယူစဉ် တစ်ဦးတည်း ကျန်နေခဲ့သည်။ လမ်းလျှောက်လိုက်သွားရာ ပြိတ္တာများကို တွ့၍သံဝေဂ ဖစ်လေသည်။

ရဟန်းပြု လိုသော်လည်း ဥပသမ္ပဒ ကံဆောင်ရန် သင်္ဃာတော် ၁၀-ပါး (ထိုစဉ်က ဝိနည်း) ခက်ခဲမှုကြောင့် သုံးနှစ်စောင့်ရ၏။ ဆရာ အရှင်မဟာကစ္စည်းထေရ် ထံမှ ကမ္မဋ္ဌာန်းယူကာ အားထုတ်ပြီး ရဟန္တာ ဖစ်တော်မူသည်။

ဝါကျွတ်သော် မတ်စွာဘုရားရှင်ကို ဖူးမြော်ရန် သာဝတ္ထိပြည်သို့ သွားလေ၏။ ဇတဝန်ကျောင်းတော်သို့ ရာက်၍ မတ်စွာဘုရားကို ဖူးမြော်ပူဇော်ပြီး ညဉ့်အခါ မဟာဂန္ဓကုဋိတိုက် မှာပင် နရာပေး၍ ချီးမြောက်တော် မူလေသည်။ (အခြားမည်သူမျှ မနေဖူးဘူးဟု ထင်ပါသည်။)

မတ်စွာဘုရားက တရားတော်များ ရွတ်ဖတ်သရဇ္ဈယ်ခွင့် ပု ၍ ရွတ်ဖတ်ပြီးသော် ဆရာမှာလိုက်သော ဆုငါးပါးကို လျှာက်ထားလေသည်။

ပစ္စန္တရာဇ် အရပ်၌-

၁။ ကံဆောင်ရန် သံဃာတော် ၁၀-ပါး ခဲယဉ်း၍ လျာ့နည်းလျှင် ခွင့်ပြု လမလား မသိ။ (ခွင့်ပြု တာ်မူပါ။)

၂။ တစ်လွှာတည်းသော ဖိနပ်အစား အထပ်များသောဖိနပ် ခွင့်ပြု လမလား မသိ။

၃။ ၁၅-ရက် တစ်ကြိမ် အစား န့စဉ် ရချိုးခွင့် ပုလေမလား မသိ။

၄။ ရလွယ်သော သားရေ အထိုင်အခင်းများ ခွင့်ပြု လမလား မသိ။

၅။ လူကြုံ ဖင့် တဆင့်လှူ ဒါန်းသော သင်္ကန်းကို ခွင့်ပြု လမလားမသိ။

ဤ ဆုငါးပါးကို မတ်စွာဘုရားရှင် ခွင့်ပေးတော် မူလေသည်။ သာသနာအတွက် အလွန်အကျိုး များလေ၏။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

၅။ ဝနဝါသီတိဿ သာမဏေ-

ခုနှစ်နှစ်အရွယ် ရဟန္တာ သာမဏေဖြစ်သည်။ မတ်စွာဘုရား သက်တော်ထင်ရှားရှိစဉ် သာသနာတော်ကို နှစ်ဘဝ ဆည်းကပ်ခွင့် ရသူဖြစ်သည်။

ပထမဘဝ၌ ရှင်သာရိပုတ္တရာ့ ခမည်းတော်၏ မိတ်ဆွေ ဖစ်သည်။ နာက်ပိုင်း စီးပွားကျ ဆင်းရဲနေလေ၏။ ရှင်သာရိပုတ္တရာက ချီးမြောက်လို၍ ထိုသူဌေးဟောင်း အိမ်သို့ ဆွမ်းသွားရပ်လေရာ လာင်းလှူ ဖွယ် မရှိ၍ ပုန်းအောင်းနေရရှာလေသည်။ န့အတန်ကြာ ဖစ်သည်။

တနေ့တွင် သူဌေးဟောင်းသည် ပွဲတခု၌ ဂါထာမန္တာန် ရွတ်ပြီး နွားနို့တစ်အိုးနှင့် ပုဆိုးကြမ်းတစ်ထည် ရခဲ့လေရာ ဝမ်းမြောက်စွာ ဆွမ်းစီမံ၍ ရှင်သာရိပုတ္တရာကို ကပ်လေသည်။ ပုဆိုးကြမ်း ကိုလည်း လှူ လိုက်လေသည်။

'လောကုတ္တရာတရားကို အကုန်အစင် သိရပါစေ'ဟု ဆုတောင်းလေသည်။ ထိုဘဝမှ ကွယ်လွန်ပြီး ရှင်သာရိပုတ္တရာ၏ ဒကာမ သူဌေးကတော် ဝမ်း၌ ပဋိသန္ဓေ တည်လေသည်။ ဖွားမြင်ပြီးသော် ရှင်သာရိပုတ္တရာ၏ ငယ်မည် 'ဥပတိဿ 'ကို ရည်၍ 'တိဿ ' ဟု အမည်ပေးလေသည်။

ခုနှစ်နှစ် အရွယ်တွင် ရှင်သာရိပုတ္တရာထံ သာမဏေ ပုလေသည်။ ထို့နောက် မတ်စွာဘုရားထံမှ ကမ္မဋ္ဌာန်း ယူပြီး ယူဇနာ ၁၂၀-ကွာ တာရကျောင်းသို့ သွားရောက် အားထုတ်လေသည်။ သုံးလပြည့်သော် ပဋိသမ႓ိဒါ လးပါးနှင့်တကွ ရဟန္တာ ဖစ်လေသည်။

တိဿ သာမဏေလေး ရဟန်းကိစ္စပြီးကြောင်းကို ရှင်သာရိပုတ္တရာ သိလေသော် သွားရောက်ချီးမြောက်ရန် မတ်စွာဘုရားထံ ခွင့်တောင်းလေသည်။

မတ်စွာဘုရားသည် တိဿ သာမဏေကို အကြောင်းပြုပြီး ဝနေယျအများ တရားထူးရမည့်အကြောင်း မင်တော်မူ၍ အဂ္ဂသာဝကနှစ်ပါး ခြံရံကာ သံဃာတော် ၄၀၀၀-နှင့် ကိုယ်တော်တိုင် ကြွကာ ချီးမြောက်တော် မူလေသည်။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

၆။ ရဝတ သာမဏေ-

လကျာ်တော်ရံ ရှင်သာရိပုတ္တရာ၏ ညီထွေးဖြစ်သည်။ 'ခဒိရဝနိယ ရဝတ' ဟုလည်း ခါ်ကြသည်။ 'အိုအောင်မင်းအောင် ပါင်းကြပါစေ' ဟူသော ဆုပေးသံကြောင့် မိမိယူရမည့် သတို့သမီးပျို နှင့် မိခင်အို၏ ဇရာရိပ်ကို နှိုင်းယှဉ်ကာ သံဝေဂ ဖစ်၍ ထွက်ပြေးကာ ရဟန်းပြု သူဖြစ်သည်။ ………

နာင်တော်ကြီး သာရိပုတ္တရာအရှင်မြတ်၏ အတုလိုက်၍ ညီတော် နှစ်ပါးနှင့် နှမငယ်သုံးပါး လိုက်ပါ ရဟန်းဝတ်ပြီး ရဟန္တာများ ဖစ်သွားသော် ညီထွေး ရဝတ တစ်ဦးတည်း ကျန်ခဲ့၏။

မိဘဘိုးဖွားများက ရဝတလည်း ရဟန်း ဝတ်သွားမည်လည်း စိုးရိမ်သဖြင့် အသက် ၁၆-နှစ်တွင် အသက် ၁၄-နှစ် အရွယ် သတို့သမီးနှင့် အိမ်ထောင်ချထား ပးလေသည်။

အထက်တွင် ဆိုသကဲ့သို့ 'အိုအောင်မင်းအောင်' ဟူသော ဆုပေးချိန်တွင် ပါရမီရင့်မာသူဖြစ်၍ ဇာတိ၏ အကျိုးဆက် ဇရာ,မရဏ, အနိစ္စ တို့ကို ဆင်ခြင်မိကာ တာကျောင်းတစ်ခုသို့ အရောက် ပးလေတော့သည်။ တာကျောင်းသို့အရောက် မိဘခွင့်ပြု ချက် မရှိသော်လည်း ရှင်သာရိပုတ္တရာက 'ငါ၏ညီထွေး ရာက်လာလျှင် သင်္ကန်းဝတ်ပေးလိုက်ကြ' ဟု မှာထားရင်း ရှိသောကြောင့် ရှင်သာမဏေ ပု ပးလိုက်ကြသည်။

ရှင်ရေဝတသည် ဥပဇ္ဈာယ်ဆရာများထံမှ ကမ္မဋ္ဌာန်း ယူ၍ ထိုကျောင်းမှတဆင့် အလွန်ကြမ်းသောဒေသ, ချံုနွယ်ပိုနက်သော, ကျတ်တီးကုန်း ကျာက်စရစ်မြေ ရှိသော ရှားတောသို့ သွားရောက်ကာ တရားအားထုတ်လေသည်။

ထိုသတင်းကို ရှင်သာရိပုတ္တရာ ကြားသိသော် အားပေးစကား ပာလို၍ မတ်စွာဘုရားထံ လျှာက်ထား ခွင့်တောင်းလေသည်။ မတ်စွာဘုရားက ရှင်ရေဝတ တရားအားထုတ်ချိန် ပရိတ်သတ် အနှောင့်အယှက် မဖြစ်စိမ့်သောငှာ တားမြစ်တော်မူသည်။

သုံးလအကြာ ရှင်သာရိပုတ္တရာ ခွင့်တောင်းသောအခါ ရှင်ရေဝတ ရဟန်းကိစ္စပြီးကြောင်း သိတော်မူ၍ မတ်စွာဘုရားရှင် ဦးဆောင်ပြီး လက်ယာလက်ဝဲရံ ကိုယ်တော်များနှင့်တကွ ရဟန်းများစွာ သွားရောက် ချီးမြောက်တော် မူလေသည်။

(လာဘ်လာဘ ပါများသောအရာ ဧတဒဂ်ရ ရှင်သီဝလိ မထေရ် ပါသောကြောင့်သာ လမ်းခရီးကြမ်း၌ သံဃာတော်များ ဆွမ်းအဆင်ပြေ ကြလေ၏။)

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

၇။ အရှင် ပုက္ကု သာတိ-

ဗိမ္ဗိသာရမင်းကြီး၏ မိတ်ဆွေ တက္ကသီလပြည် (တက္ကသိုလ်ပြည်) မင်းကြီး ဖစ်သည်။ မိမိဒေသ၌ ရတနာ အထူးအဆန်းတွေ့လျှင် အကြောင်းကြားတမ်း ကတိစကားအရ လာကတွင် ဘုရားတရားသံဃာ ရတနာမြတ်သုံးပါး ပါ်ထွန်းနေကြောင်း သိရလေသည်။

ထိုအခါ ပုက္ကု သာတိ မင်းကြီးသည် မတ်စွာဘုရားကို ရည်မှန်းကာ သင်္ကန်းဝတ် (ရဟန်းပြု) ပြီး တာထွက်လေသည်။ ထို့နောက် တက္ကသီလပြည် (ယခုအာဖဂန်?) မှ ရာဇဂြို ဟ် အထိ ၂၃၇-ယူဇနာကို ခလျှင်လျှောက်ကာ ဘုရားဖူး လာခဲ့သည်။ (ရာဇဂြို ဟ်ပြည်၌ ဘုရားရှင် ရှိမည် ထင်သောကြောင့် သာဝတ္ထိပြည်ကို ကျာ်လာခဲ့သည်။)

သာဝတ္ထိသို့ ပန်သွားရန် ရာဇဂြိုဟ်ပြည် အိုးထိန်းသည် တစ်ဦး၏တဲတွင် တစ်ညနားလေသည်။ မတ်စွာဘုရား သိမြင်တော်မူ၍ ကိုယ်တော်တစ်ဦးတည်း မထင်ရှားသော အသွင်ဖြင့် အိုးထိန်းသည်တဲ၌ တွ့ဆုံအောင် ခလျှင်ကြွလာ ချီးမြောက်တော် မူလေသည်။

ညချမ်းအခါ မတ်စွာဘုရားသည် ခန္ဓာ အာယတန ဓါတ် သစ္စာ စသည်တို့ကို ဟာပြောတော်မူရာ အနာဂမိမဂ် ရ၍ ဘုရားဖြစ်ကြောင်း သိလေတော့သည်။ ရဟန်းပြု ခွင့်တောင်းသော် 'ဧဟိဘိက္ခု' မခေါ်သောကြောင့် 'ပံ့သုကူ သင်္ကန်း' ရှာစဉ် နွားမဆိုးတစ်ကောင် ဝှ့ခတ်မိ၍ အမှိုက်ပုံပေါ်၌ပင် စုတိစိတ် ကျတော်မူလေသည်။

…ပြီး၏။

(မေတ္တာနှလုံး ကိုယ်စီသုံး ချမ်းမြေ့ကြပါစေ။)

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။