ေရာ်နယ်ဒို၏အေးဂျင့်ဖြစ်သူ ဂျာ့မန်ဒတ်စ်က ရာ်နယ်ဒိုအားတရုတ်ကလပ်တစ်ခုမှပြောင်းရွှေ့ကြေးရူရိုသန်း(300)၊လုပ်ခလစာတစ်နှစ်ရူရိုသန်း(100)အထိပေးချေသွားမည့်အံ့ဖွယ်စျေးနှုန်းဖြင့်ကမ်းလှမ်းခဲ့ကြောင်းနဲ့ ရာ်နယ်ဒိုကငြင်းပယ်လိုက်ကြောင်း ပြာဆိုပါတယ်။

"ရူရိုငွေသန်း(300)နဲ့မတ်ဒရစ်အသင်းကိုကမ်းလှမ်းတာဖြစ်ပြီး၊ကစားသမားကိုတော့တစ်နှစ်လုပ်ခအသားတင်ရူရိုငွေသန်း(100)ပေးချေသွားမှာဖြစ်ပါတယ်၊ဒါပေမယ့်ငွေကြေးဟာအရာရာတိုင်းကိုဖန်တီးလို့မရနိုင်ပါဘူးဆိုတာမှန်ပါတယ်။ရော်နယ်ဒိုကငြင်းပယ်သွားခဲ့တယ်။ဒီစပိန်ကလပ်ကသူ့ဘဝကိုး.."လို့မန်ဒတ်စ်က Sky Sport Italia သို့ပြောဆိုသွားပါတယ်။

ဒီတပါတ်အတွင်းမှာတင်တရုတ်ကလပ်ရှန်ဟိုင်းရှင်ဟွာက မန်ယူနှင့် ဂျူဗီကစားသမားဟောင်း ကားလိုစ့်တိဗတ်ဇ်ကို တစ်ပါတ် လုပ်ခလစာပေါင် ခြာက်သိန်းခွဲ(လက်ရှိအမြင့်ဆုံးရော်နယ်ဒိုနှင့်မက်ဆီပင် ပါင်သုံးသိန်းကျော်သာရရှိ)နှင့်ခေါ်ဆောင်သွားသလို ရှန်ဟိုင်းSIPG ကလပ်ကလည်းချဲလ်ဆီးမှာကစားနေတဲ့အော်စကာကိုလည်း ပါင်သန်း(60)အထိပေးပြီး ခါ်ယူသွားခဲ့ကြပါတယ်။

(ယခုလက်ရှိငွေကြေးပေါက်စျေးအရရူရိုသန်း(300)ဟာ ပါင်အားဖြင့်(255)သန်းဖြစ်ပါတယ်။လက်ရှိဘောလုံးလောကမှာတော့ မန်ယူအသင်းကပေါ့ဘာကို ပါင်သန်း(100)နဲ့ဝယ်ယူထားတဲ့ကြေးကအမြင့်ဆုံးဖြစ်ပါတယ်)

မောရစ်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။