၁၃၇၉ ခုနှစ် ရခိုင်ရိုးရာမဟာသင်္ကြန်ပွဲတော် နံ့သာသွေးပြိုင်ပွဲ အခမ်းအနား ကို ဒီကနေ့ စစ်တွေမြို့ ဦးဥတ္တမခန်းမ၌ စည်ကား သိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း သိရပာတယ်။ အဆိုပါမဟာသင်္ကြန်ပွဲတော် ကျင်းပရေး ဦးစီးကော်မတီ ဥက္ကဋ္ဌ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါက်တာချမ်ဒေါက်တာချမ်းသာနှင့်းသာ က နံ့သာသွေးပွဲတော် ကျင်းပရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပာတယ်။

ဆက်လက်ပြီး မဟာသင်္ကြန်ပွဲတော် နံ့သာသွေးပြိုင်ပွဲကို ပြိုင်ပွဲဝင်အသင်း ၃၁ သင်း ပါဝင်ယှဉ်ပြိုင်ရာ မဟာသင်္ကြန်ပွဲတော် ကျင်းပရေး ဦးစီးကော်မတီ ဥက္ကဋ္ဌ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး တာဝန်ရှိသူများက ကြည့်ရှုအားပေးကာ ပြည်နယ်ယဉ်ကျေးမှုအဖွဲ့က သင်္ကြန်ယိမ်းအကများဖြင့် သီဆိုဖျော်ဖြေခဲ့ကြောင်း သိရပာတယ်။ နံ့သာသွေးပြိုင်ပွဲဝင်အသင်း တစ်သင်းလျှင် ကြီးကြပ်သူ တစ်ဦး ၊ အသင်းဝင် ငါးဦးနှင့် အရန်တစ်ဦး ပါဝင်ကြောင်း၊ အသက် ၁၈ နှစ် မှ ၃၅ နှစ် အတွင်းအမျိုးသမီများ ပါဝင်ယှဉ်ပြိုဝတ်စားဆင်ယင်ီဝတ်စုံဖြင့် သပ်ယပ်စွာ ဝတ်ဆင်ရမည်ဖြစ်ကြောင်း၊ ပြိုင်ပွဲဝင် အသင်းအနေဖြင့် သတ်မှတ်လူဦးရေ ပြည့်စုံရမည်ဖြစ်ပြီး ပြိုင်ပွဲဝင်သူများ နံ့သာသွေးပြိုင်ပွဲဝင်နေစဉ်အတွင်း ပြင်ပမှ ပစ္စည်းများ ယူဆောင်လာခြင်း မပြုရကြောင်း သိရပါတယ်။

၎င်းအပြင် အသင်းသားများ၏ ဝတ်စားဆင်ယင် ထုံးဖွဲ့မှု၊ သေသပ်သန့်ရှင်းမှု ၊ သွက်လက်ဖြတ်လပ်မှု ၊ စိတ်ပါဝင်စားမှု ၊ ခွန်အားစိုက်ထုတ်မှု ၊ အရွယ်ညီညာမှု၊ အသားအရောင် ရူပါရည် ညီညာမှု၊ နံ့သာရည် ရရှိမှုနှင့် နံ့သာနှစ် ရရှိမှုတို့အပေါ် မူတည်၍ အမှတ်ပေးမည်ဖြစ်ကြောင်း နံ့သာသွေးပြိုင်ပွဲ အမှတ်ပေးစည်းမျဉ်း အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့ပာတယ်။ ပြိုင်ပွဲတွင် ပထမဆု ငါးသိန်း ၊ ဒုတိယဆု သုံးသိန်း ၊ တတိယဆု နှစ်သိန်းနှင့် နှစ်သိမ့်ဆုရ အသင်းများကို ဧပြီလ ၁၆ ရက် (သင်္ကြန်အတက်နေ့) ဗဟိုမဏ္ဍပ်ပိတ်ပွဲအခမ်းအနားတွင် တာဝန်ရှိသူများက ပေးအပ်ချီးမြှင့် သွားမည်ဖြစ်ကြောင်း သိရပါတယ်။

Source - MOI

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။