IFFHS (International Federation of Football History & Statistics) ၏ စစ်တမ်းအရ ဘာစီလိုနာ ကစားသမား မက်ဆီက ကမ္ဘာ့အကောင်းဆုံး Play Maker အဖြစ် ရွေးချယ်ခြင်း ခံခဲ့ရကြောင်း သိရသည်။ အမှတ်ပေးပုံစနစ်ဖြင့် ရွေးချယ်ခဲ့ခြင်း ဖြစ်ပြီး၊ ထိပ်သီးကစားသမား (၁၀)ဦးမှာ မက်ဆီက ရမှတ်(၁၇၂) မှတ်အထိ ရရှိခဲ့ပြီး ပထမနေရာတွင် ရပ်တည်ခဲ့သည်။ ဒုတိယနေရာတွင် ဘာစီလိုနာ အသင်းမှ အင်နီယေစတာက ရမှတ် (၆၆)မှတ်ဖြင့် ရပ်တည်သွားခဲ့သည်။

ရီးရဲလ်မက်ဒရစ် ကစားသမား တိုနီခရူးစ်က (၄၅)မှတ်ဖြင့် တတိယနေရာတွင် ရပ်တည်ခဲ့ပြီး၊ အာဆင်နယ် ကစားသမား အိုဇေးက (၃၉)မှတ်ဖြင့် စတုတ္ထ နေရာ၌ ရပ်တည်သွားခဲ့သည်။ လက်စတာစီးတီး ကစားသမား မာရက်ဇ်က (၃၆)မှတ်၊ ရီးရဲလ်မက်ဒရစ်မှ လူကာမိုဒရစ်က (၃၆)မှတ်၊ မန်စီးတီးမှ ဒီဘရုန်း (၃၁)မှတ်၊ မန်ယူမှ ပေ့ါဂ်ဘာ (၂၆)မှတ်၊ ချဲလ်ဆီးကစားသမား ဟာဇက်ဒ်က (၁၄)မှတ်၊ ၀က်စ်ဟမ်း ကစားသမား ပိုင်ယက် (၈) မှတ် အသီးသီး ရရှိခဲ့ကြောင်း သိရသည်။

Credit - Football Cafe

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။