Fault In Our Stars ဇာတ်ကားကဲ့သို့ လက်ထပ်ခဲ့သည့် စုံတွဲ အမျိုးသားသေဆုံး

Cancer ရောဂါသည် ၂ယောက်ရဲ့ အချစ်ဇာတ်လမ်းကို ရိုက်ကူးထားတဲ့ The Fault in Our Stars ဇာတ်ကားလိုဘဲ အပြင်မှာလည်း Dalton နဲ့ Katie ကအချိန်အကြာကြီး မနေရဘူးဆိုတာ သိရက်နဲ့ ၂၀၁၁ ခုနှစ်မှာ လက်ထပ်ခဲ့ကြပါတယ်။သူတို့နှစ်ယောက်က fb မှာ၂၀၀၉ ခုနှစ်မှာ တွေ့ခဲ့တာဖြစ်ပါတယ်။ နောက်ဆုံးအချိန်မှာတောင် တစ်ယောက်အနား တစ်ယောက်မရှိနိုင်ဘဲ မသွားနိုင်လို့ FaceTime ကနေဘဲ နှုတ်ဆက်ခဲ့ရပါတယ်။ ကျန်ခဲ့တဲ့ Katie ကလည်း December ရောက်တဲ့အထိဘဲ ခံတော့မယ်လို့ ဆရာဝန်တွေက မှတ်ချက်ပြုထားပါတယ်။

Dalton ကသေဆုံးတဲ့အချိန်မှာ ၂၅ နှစ်ဘဲ ရှိသေးပြီး cystic fibrosis ကနေ ရှုပ်ထွေးမှုတွေကြောင့် သေဆုံးခဲ့ရတာပါ။ ၂ယောက်စလုံးက cystic fibrosis လူနာတွေဖြစ်ပြီး အဆုတ်အစားထိုးခဲ့ရပါတယ်။ Katie ရဲ့မိသားစုက Dalton ကို Katie နဲ့တွေ့နိုင်ဖို့ Kentucky ကိုလာပြီး ဒီမှာဆေးကုစေချင်ပင်မဲ့ ခရီးတောင်ထွက်လို့ မရလို့ မလာခဲ့ရပါဘူး။ သူတို့စုံတွဲက July 16 သူတို့ရဲ့ ငါးနှစ်မြောက် နှစ်ပတ်လည်နေ့ မှာ နောက်ဆုံးတွေ့ခဲ့ရတာပါ။ ဆရာဝန်တွေက CFရောဂါလူနာအချင်းချင်းဆို ပိုပြီး bacteria ကူးစက်နိုင်တယ်လို့ သတိပေးခဲ့ပင်မဲ့ Katie က ငါးနှစ်စောသေရလည်း ဒီအတိုင်းကြီး နှစ်၂၀ နေသွားရတာထက်စာရင် ပိုပျော်တယ်ဆိုပြီး သူတို့လက်ထပ်ခဲ့ကြပါတယ်။

Katie လည်း ၂၀၁၅ ဂျူလိုင်မှာ အဆုတ်အစားထိုး ကုသမှုခံယူခဲ့ပင်မဲ့ မအောင်မြင်ဘဲ ကုသဖို့ လမ်းမရှိတော့ဘူးလို့ ဆရာဝန်တွေကပြောကြားခဲ့ပါတယ်။ အခုအချိန်မှာတော့ Katie လည်း သာမန်နေ့စဉ် ဆေးကုသမှုက လွဲလို့ ကျန်တဲ့ ကုသမှုတွေကို ငြင်းဆန်ပြီး သဘာဝအတိုင်းဘဲ သေချင်တယ်လို့ပြောခဲ့ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။