အမေရိကန်နိုင်ငံမှ မိခင်ဖြစ်သူ အမျိုးသမီးတဦးဟာ ဖေ့စ်ဘွတ်ခ် အင်တာနက် လူမှုကွန်ရက်စာမျက်နှာပေါ်မှတဆင့် ခင်ပွန်းဖြစ်သူကို ရည်ရွယ်တဲ့နောက်ဆုံး နှုတ်ဆက်စာ ရေးခဲ့ပြီးနောက်မှာ သူ့သားငယ်နဲ့အတူ သူကိုယ်တိုင်ပါသတ်သေ သွားခဲ့ပါတယ်။

သူက “ရှင့်သားကို နောက်တကြိမ် ဘယ်တော့မှ တွေ့ရတော့မှာမဟုတ်ဘူး” ဆိုတဲ့စာတွေ ပါဝင်တဲ့ နှုတ်ဆက်စာကို ရေးသားခဲ့အပြီးမှာ တနှစ်အရွယ် ကလေးဖြစ်သူနဲ့ သူ့ကိုယ်သူ သတ်သေခဲ့တာဖြစ်တယ်လို့ မေရာသတင်းတပုဒ်မှာ ဖော်ပြပါတယ်။

ရှာရီ ရှာမေရာ အမည်ရတဲ့ အဆိုပါအမျိုးသမီးဟာ ဒီဇင်ဘာ ၂၄ ရက် မနက် ၁၁ နာရီမှာ ခုလိုရေးတင်ခဲ့တာပါ။

“ကျမ တွေးနိုင်သမျှကတော့ ဒီလောကကြီးကနေ ထွက်သွားဖို့ပါပဲ။ ကျမပါးစပ်ကို သေနတ်နဲ့ချိန်ပြီး ထွက်သွားမှာပါ။ ဘာတွေပဲဖြစ်ဖြစ်ပေါ့။”

အဲဒီစာကို ရေးတင်ခဲ့အပြီး အချိန် ၃ နာရီလောက်အကြာမှာတော့ ပဲန်ဆယ်လ်ဗေးနီးယား ရဲတွေဟာ အမျိုးသမီးနေထိုင်ရာ ရှရူးစ်ဘာရီမြို့နယ် ထဲက နေအိမ်ဆီ သွားရောက်ခဲ့ချိန်မှာ မိခင်ရော

ကလေးဖြစ်သူပါ သေဆုံးနေခဲ့တာကို တွေ့ရတာပါ။

အဲဒီအမျိုးသမီးဟာ ကိုယ့်ကိုယ်ကိုယ် သေနတ်နဲ့ပစ်ပြီး သေကြောင်းကြံစည် ခဲ့တာဖြစ်ပြီး တနှစ်အရွယ် ကလေးဖြစ်သူ ဂျွန် ရှာမေရာကတော့ အသက်ရှူလမ်းကြောင်းပိတ်ကာ သေဆုံးနေခဲ့တာကို တွေ့ရတယ်လို့ ရဲတွေက အတည်ပြုပြောဆိုလိုက်တာပါ။

သွေးပျက်စရာကောင်းလှတဲ့ ဒီနှုတ်ဆက်စာဟာ ခင်ပွန်းဖြစ်သူဆီ တိုက်ရိုက် ပြောဆိုလိုက်တာဖြစ်ပြီး သူဟာ တကိုယ်တော်မိခင်တယောက်အဖြစ် ရပ်တည်နေရတာကိုပါ ထည့်သွင်းရေးသားထားခဲ့တာကို တွေ့ရပါတယ်။

ရှာရီ ရှာမေရာဟာ ခင်ပွန်းဖြစ်သူ အမျိုးသား ထရေစီအယ်လန် ရှာမေရာနဲ့ ၂၀၁၄ ခုနှစ်၊ အောက်တိုဘာလမှာ လက်ထပ်ခဲ့တာပါ။

စာရဲ့အဆုံးမှာလည်း သားတယောက်ရဲ့ ဖခင်အဖြစ် မထိုက်တန်တဲ့သူ၊ အရက်သမား၊ တယောက်တည်းပဲ နေသင့်တဲ့သူတယောက်အဖြစ် ရေးထားခဲ့တာပါ။

လက်ရှိမှာတော့ သူ့ရဲ့သေဆုံးမှုနဲ့ ကလေးငယ် အသတ်ခံရတဲ့အမှုကို စုံစမ်းစစ်ဆေးနေတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။

Source: DVB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။