တစ်ကမ္ဘာလုံးက ရုပ်အတူဆုံးလို့သတ်မှတ်ထားတဲ့ ဒီလိုအကိတ်အမြွှာနှစ်ယောက်လုံးက လက်မလွှတ်နိုင်အောင် သူကဘာတွေ ဆွဲဆောင်မှုရှိနေလို့်ပါလိမ့်။ 

အသက် ၃၁နှစ်အရွယ်ရှိပြီဖြစ်တဲ့ Anna နဲ့ Lucy DeCinque တို့ဟာ Ben Bryne ဆိုတဲ့အမျိုးသားတစ်ယောက်တည်းကို တူတူချစ်ကြိုက်နေခဲ့တာ ငါးနှစ်တာ အချိန်ကြာခဲ့ပြီဖြစ်ပါတယ်။ နောက်ဆုံးမှာတော့ You Tube မှာတင်ခဲ့တဲ့ Video မှာ ချွတ်စွတ်တူတဲ့အမြွှာနှစ်ယောက်ဟာ ဒီလူ့ကို တူတူလက်ထပ်မှာလို့် ပြောကြားခဲ့ပါတယ်။

Lucy ကော Anna ကောဟာ Ben နဲ့အတူ အိပ်တာ၊ အတူနေတာတွေပါ တူတူမခွဲမခွာပြုလုပ်ခဲ့ပြီး သူတို့နှစ်ယောက်ရဲ့အချစ်တွေကို ယောကျာ်းတစ်ယောက်တည်းကို မျှဝေပေးနိုင်တယ်လို့ ဆိုခဲ့ပါတယ်။ 

ဒါပေမယ့် Ben အတွက်ကတော့ ချစ်သူက အမြွှာနှစ်ယောက်ဖြစ်နေတဲ့အတွက် ဘာဝယ်ဝယ်နှစ်ခုဝယ်ရပြီး နှစ်ဆကုန်ခဲ့ပါတယ်။ အခုတောင် လက်ထပ်လက်စွပ်ဆင်တူ၊ ဂေါင်ဝန်ဆင်တူ နှစ်စုံစီရွေးနေရတယ်လို့ ရယ်ပြီးပြောကြားခဲ့ပါတယ်။

Source : dailymail

Translated by Alexa

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။