လိမ္မော်သီးခိုးစား၍ အသက် ၁၄ နှစ်အရွယ် မိန်းမငယ်လေးအား ခန္ဓာကိုယ်အနှံ့ရေနွေးပူဖြင့် လောင်းချ

မော်လမြိုင်တွင် အ သက်(၁၄)နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးကို လိမ္မော်သီးနှစ်လုံးခိုးစားသည်ဆိုကာ ခန္ဓာကိုယ်အနှံ့ ရေနွေးပူဖြင့် လောင်းချပြီး ဦးခေါင်းကို ထင်းပိုင်းဖြင့် ရိုက်နှက် ခဲ့သူအား ပုဒ်မနှစ်ခုဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်း ရရှိသည်။

မော်လမြိုင်တက္ကသိုလ် ဆယ်မြို့နယ်အဆောင်တွင် အ လုပ်လုပ်သည့် ထမင်းချက်အကူ မခင်ခင်ထွန်း (၁၄)နှစ်ကို လိမ္မော် သီးခိုးစားသည်ဆိုကာ ထမင်းချက်ကန်ထရိုက် အလုပ်ရှင် ဒေါ်အေးအေးစိုး (၃၇)နှစ်က ခန္ဓာကိုယ်အနှံ့ရေနွေးပူဖြင့် လောင်းချခြင်း၊ ဦးခေါင်း၏ ဝဲဘက်ကို ထင်းခြမ်းဖြင့်ရိုက်နှက်ခြင်းများ ပြုလုပ်သဖြင့် ဒီဇင်ဘာ ၂၈ ရက်က မုပွန်ရဲစခန်းနယ်မြေတွင် ရာဇသတ်ကြီးပုဒ်မ ၃၂၆ (အပြင်းအထန်နာ ကျင်စေမှု)၊ ၃၂၃ (နာကျင်စေမှု)ဖြင့် အမှုဖွင့် အရေးယူထား ကြောင်း သတင်းရရှိသည်။

‘‘ဒီကိစ္စကဖြစ်တာ ဒီဇင်ဘာ ၁၆ ရက်ကဖြစ်တဲ့ကိစ္စပါ။ ကျွန် တော်တို့သိတာက တစ်ရက်၊ နှစ် ရက်ပဲ ရှိသေးတယ်။ လိမ္မော်သီး နှစ်လုံး ခိုးစားလို့ဆိုပြီး ကောင်မ လေးရဲ့ ခန္ဓာကိုယ်အနှံ့ကို ရေနွေး ပူလောင်းတယ်လို့ ပြောတာပဲ။ ဒဏ်ရာကတော့ တော်တော်များ တယ်။ ကောင်မလေးရဲ့ ခေါင်း ကိုပါ ထင်းပိုင်းနဲ့ ရိုက်ထားတယ်။ အခု မော်လမြိုင်ဆေးရုံကြီးမှာ ဆေးကုသမှု ခံယူနေတယ်။ ဆေး စာတော့ မရသေးဘူး။ တရားခံ ကိုတော့ ကျွန်တော်တို့စခန်းမှာ ချုပ်ထားတယ်’’ဟု မုပွန်နယ်မြေ ရဲစခန်းမှ နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ်စိုးမိုးအောင်က ပြောကြားသည်။

ထိုအမှုကို မခင်ခင်ထွန်း၏ အဒေါ် ဒေါ်လှကြည်က တရားလို ပြုလုပ်၍ တရားစွဲဆိုထားကြောင်း ဒုရဲအုပ်စိုးမိုးအောင်ကဆိုသည်။

မခင်ခင်ထွန်း၏ ခန္ဓာကိုယ် အနှံ့ ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ သောကြောင့် မွန်ပြည်နယ်အ တွင်း အမျိုးသမီးများနှင့် ကလေး ငယ်ကိစ္စပြဿနာများ ဖြေရှင်းပေး သည့် မေတ္တာဆုံဆည်းအမျိုးသမီး စောင့်ရှောက်ရေးအဖွဲ့က ယင်း ကိစ္စကို ထုတ်ဖော်ခဲ့ပြီး မုပွန်နယ်မြေရဲစခန်းသို့ အမှုဖွင့်အရေးယူ ရန် ကူညီပေးခဲ့ခြင်းဖြစ်သည်။

‘‘ကျွန်မတို့ တွေ့တဲ့အချိန် မှာ ကောင်မလေးတော်တော်ကို ဒဏ်ရာပြင်းတယ်။ ဒါတောင် ကျွန်မတို့ တစ်ပတ်နောက်ကျပြီးမှ သိတယ်။ ကောင်မလေးကို ဖြစ် ဖြစ်ချင်း လူသိမခံချင်လို့ အရေ ပြားဆေးရုံမှာ ဆေးကုသမှုခံယူ ခိုင်းထားတယ်။ ရဲတွေသိတော့ ဆေးရုံကြီးကို ပို့လိုက်တယ်။ ကောင်မလေးမှာ မိဘတွေမရှိ တော့ဘူး။ အဒေါ်တွေနဲ့နေတယ်။ တစ်လသုံးသောင်းနဲ့ အဒေါ်တွေ ကို လုပ်ကျွေးနေတဲ့ မိန်းကလေး ပါ။ ငွေကြေးအဆင်မပြေဘူး။ အခုဆေးရုံမှာ ပိုက်ဆံလေးသိန်း ပေးပြီး အမှုကျေအေးပေးဖို့ လာ ပြောတယ်။ သူတို့အဒေါ်က လက် မခံဘူး’’ဟု မေတ္တာဆုံဆည်းအမျိုးသမီးစောင့်ရှောက်ရေးအဖွဲ့မှ ဒေါ်သီသီနွယ်ကပြောသည်။

ခန္ဓာကိုယ်အနှံ့ ဒဏ်ရာပြင်း ထန်အောင် ပြုလုပ်ထား၍ အမှုကျေအေးပေးရန် အစီအစဉ်မရှိကြောင်း မခင်ခင်ထွန်း၏အဒေါ် ဒေါ်လှကြည်ကဆိုသည်။

Source: 7Day News Journal

Go Goe

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။