ဘာစီလိုနာအသင်းဟာ လာလီဂါတစ်ရာသီအတွင်းမှာ အရှည်ကြာဆုံး ရှုံးပွဲမရှိအောင်ကစားထားနိုင်တဲ့ စံချိန်သစ်တစ်ခုကိုပိုင်ဆိုင်သွားခဲ့ပြီလည်းဖြစ်ပါတယ်။ဘာစီလိုနာအသင်းဟာ ပွဲစဉ် ၃၃ ပွဲအပြီးမှာ ၂၅ ပွဲအနိုင်ရရှိထားပြီး ၈ ပွဲသရေကျထားကာ ရှုံးပွဲလုံးဝမရှိထားခဲ့တာလည်းဖြစ်ပါတယ်။ဒါကြောင့် ဘာစီလိုနာအသင်းဟာ နည်းပြဗယ်ဗာဒီလက်ထက်မှာ ၃၃ ပွဲဆက် ရှုံးပွဲမရှိအောင် ကစားထားနိုင်ခဲ့တာလည်းဖြစ်ပါတယ်။ 

အရင်က တစ်ရာသီအတွင်း အရှည်ကြာဆုံးရှုံးပွဲမရှိအောင်ကစားထားနိုင်တဲ့ အသင်းကတော့ ဆိုစီဒက်အသင်းပဲဖြစ်ပါတယ်။ဆိုစီဒက်အသင်းဟာ ၁၉၇၉ - ၁၉၈၀ ခုနှစ်မှာ ၃၂ ပွဲဆက် ရှုံးပွဲမရှိအောင်ကစားထားနိုင်ခဲ့တာလည်းဖြစ်ပါတယ်။လက်ရှိမှာတော့ ဘာစီလိုနာအသင်းက အဲ့ဒီစံချိန်ကို ရိုက်ချိုးနိုင်ခဲ့ပြီး စံချိန်သစ်တစ်ခုကို တင်နိုင်ခဲ့တာလည်းဖြစ်ပါတယ်။

ဘာစီလိုနာအသင်းဟာ လာလီဂါပွဲစဉ် ပြီးဆုံးဖို့ ၅ ပွဲ သာကျန်ရှိတော့တဲ့ အနေအထားမှာ ဖလားရရှိဖို့နီးစပ်နေတာလည်းဖြစ်ပါတယ်။ဘာစီလိုနာအသင်းဟာ ဒုတိယနေရာက အက်သလက်တီကိုအသင်းကို ၁၂ မှတ်ထိ အမှတ်ဖြတ်ထားနိုင်တာလည်းဖြစ်ပါတယ်။ပြိုင်ဘက် ရီးရဲလ်မက်ဒရစ်အသင်းကိုတော့ ၁၆ မှတ်ထိ အမှတ်ဖြတ်ထားနိုင်တာလည်းဖြစ်ပါတယ်။

source - bleacher report football

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။