မနက်ကယှဉ်ပြိုင်ကစားခဲ့တဲ့ လာလီဂါပွဲစဉ်မှာ ဆယ်တာဗီကိုအသင်းနဲ့ ဘာစီလိုနာအသင်းတို့ဟာ တစ်ဖက် ၂ ဂိုးစီနဲ့ သရေကျခဲ့တာဖြစ်ပါတယ်။ဘာစီလိုနာအသင်းဟာ ၃၃ ပွဲဆက် ရှုံးပွဲမရှိအောင်ကစားထားနိုင်ခဲ့ပြီး ရမှတ် ၈၃ မှတ်ရရှိထားကာ အမှတ်ပေးဖလားဆွတ်ခူးဖို့ နီးစပ်နေခဲ့ပြီလည်းဖြစ်ပါတယ်။ဆယ်တာဗီကိုအသင်းကတော့ ရမှတ် ၄၄ မှတ်ရရှိထားပြီး အဆင့် ၈ နေရာမှာရှိနေတာလည်းဖြစ်ပါတယ်။

ဆဲလ်တာဗီကိုအသင်းရဲ့ ပွဲထွက်လူစာရင်းမှာတော့ ဂိုမက်ဇ်၊ လာ့ဂိုစ်အဲပတ်၊ မန်ဒက်၊ ဂျိုဇာဘတ်၊ လိုဘော့ကာ၊ စစ်စတို တို့ကို ထည့်သွင်းအသုံးပြုခဲ့တာလည်းဖြစ်ပါတယ်။ဘာစီလိုနာအသင်းရဲ့ ပွဲထွက်လူစာရင်းမှာတော့ အယ်ကာဆာ၊ ကော်တင်ဟို၊ ဒန်းနစ်ဆွာရက်စ်၊ ဒမ်ဘီလီ၊ ဂိုမက်၊ ပေါ်လင်ဟို တို့ကို ထည့်သွင်းအသုံးပြုခဲ့တာလည်းဖြစ်ပါတယ်။အဓိကကစားသမားအချို့ကို အနားပေးခဲ့တဲ့ ဘာစီလိုနာအသင်းဟာ ဆဲလ်တာဗီကိုအသင်းကို ခက်ခက်ခဲခဲ ရင်ဆိုင်ကစားခဲ့ရပြီး အဝေးကွင်းမှာ သရေတစ်မှတ်ရယူခဲ့တာလည်းဖြစ်ပါတယ်။

အဖွင့်ဂိုးကို ဘာစီလိုနာအသင်းကစတင် ရရှိခဲ့ပြီး ဒီဂိုးကိုတော့ ၃၆ မိနစ်မှာ ဒမ်ဘီလီကသွင်းယူပေးခဲ့တာဖြစ်ပါတယ်။၄၅ မိနစ်မှာ ကတ်စထရိုက ဆယ်တဗီကိုအသင်းအတွက် ချေပဂိုးပြန်လည်သွင်းယူပေးခဲ့တာဖြစ်ပါတယ်။၆၄ မိနစ်မှာ ဘာစီလိုနာအသင်းဦးဆောင်ဂိုးပြန်လည်ရရှိခဲ့ပြီး ဒီဂိုးကိုတော့ အယ်ကာဆာက သွင်းယူပေးခဲ့တာဖြစ်ပါတယ်။၇၁ မိနစ်မှာ ရော်ဘတ်တို တိုက်ရိုက်အနီကတ်နဲ့ ထုတ်ပယ်ခံခဲ့ရတာလည်းဖြစ်ပါတယ်။၈၂ မိနစ်မှာတော့ ဆယ်တာဗီကိုအသင်းရဲ့ ဂိုးသွင်းစက်ဖြစ်တဲ့ အဲပက်က ချေပဂိုးပြန်လည်သွင်းယူပေးသွားခဲ့တာကြောင့် တစ်မှတ်စီခွဲယူခဲ့ရတာဖြစ်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။