သံဖြူဇရပ်မှ အက်ဆစ်ဖြင့် အပက်ခံရသူ အမျိုးသမီးငယ် ဒဏ်ရာများ ကုသရန် အနည်းဆုံး ၅ နှစ်ခန့် ကြာမြင့်မည်ဟု ဆို

သံဖြူဇရပ်မှ အက်ဆစ်ဖြင့် အပက်ခံရသူအမျိုးသမီးငယ်ဒဏ်ရာများ ကုသရန် အနည်းဆုံး ၅ နှစ်ခန့်ကြာမည်ဖြစ်ပြီး အချိန်ကုန်မြန်စေရန် တခုခုလုပ်နေချင်ကြောင်းအသက် ၂၃နှစ်ရွယ်ကာ ယကံရှင် အမျိုးသမီး က ဒီဇင်ဘာ ၂၈ ရက်လှိုင်သာယာ နဝဒေးအိမ်ရာမှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

" နောက်တစ်ပတ်ဆိုရင် မျက်လုံးကို ဖွင့်ပေးမယ်ပြောတယ်။ ပြီးရင်တော့ နှာခေါင်းရယ်၊ နှုတ်ခမ်း ရယ်ကြားမှာ ရှိတဲ့ အရမ်းနာနေတဲ့ အနာရွတ်တွေကိုခွဲပြီး ပေါင်ကနေအသားယူပြီး ပြန်ကပ်ပေးမယ်လို့ပြောတယ်" ဟု ကာယကံရှင်ကမီဒီယာများကို ပြောပါတယ်။

နောက်ထပ်တစ်ကြိမ်ထပ်မံခွဲစိတ်ပါက မျက်လုံးဖွင့်ပေးမည် ဟုဆရာဝန်ကပြောသည့်အတွက် မျက်လုံးပွင့်လာပါက သင်တန်းတစ်ခုခုသို့ သွားရောက်တက်ရောက်ခြင်ကြောင်း ၊တခုခု လုပ်နေမည်ဆို ပါက အချိန်ကုန်မြန်မယ်လို့ထင်ကြောင်း သူမက ဆိုပါတယ်။

အမျိုးသမီးငယ်မှ အောက်တိုဘာလအတွင်း ခွဲစိတ်မှုပထမအဆင့်အနေဖြင့် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ ဆေးရုံတစ်ခုတွင် ပျက်စီးသွားသောမျက်လုံးကို ပေါင်မှ အသားဖြင့့် အစား ထိုးခွဲစိတ်ထား ရပြီး အက်ဆစ်ဒဏ်ကြောင့် အရည်ပျော်သွားသော နားရွက်တွင် အသံကြားနိုင်ရန်အ တွက် အပေါက်ဖောက်ပြီး လေပြွန်နှင့် ချိတ်ဆက်ခဲ့ရသည်ဟု ပြောပြသည်။

မြန်မာနိုင်ငံတွင်လည်း ဗဟိုစည်ဆေးရုံတွင်တစ်လတစ်ကြိမ် အနာရွတ်များသက်သာစေရန်လာရောက်ဆေးကု သခံနေရ တယ်လို့ ကာယကံရှင်ကိုယ်တိုင်ကမီဒီယာများနှင့်တွေ့ဆုံရာတွင်ပြောကြားခဲ့ပါတယ်။

အဆိုပါ ပထမအဆင့် ခွဲစိတ်ရာတွင် ဒေါ်လာ ၈၅ဝဝ ခန့် ကုန်ကျခဲ့ပြီး ကမ္ဘေဇဘဏ်မှ ဒေါ်လာတစ်သောင်းလှူဒါန်းခဲ့သည်။မြန်မာနိုင်ငံတွင်လည်းကုန်ကျမှု သိန်း ၅၀ ခန့်ရှိနေကြောင်းသိရှိရသည်။

ဒုတိယအကြိမ် ထိုင်းနိုင်ငံတွင်လည်းထပ်မံ ခွဲစိတ်ရန်လည်း ၎င်းပမာဏနီးပါး ကုန်ကျနိုင်ကြောင်း သိရပါတယ်။အဆိုပါခွဲစိတ်မှုများအတွက် ကုန်ကျငွေများကို ကမ္ဘောဇဘဏ်လီမီတက် အပါအဝင် တစ်ဦး ချင်း အလှူရှင်များ၊ အမျိုးသမီးအဖွဲ့အစည်းများက ကူညီပံ့ပိုးမှုများ ရှိနေသော်လည်း နောက်ထပ် ခွဲစိတ်ရဦးမည် ဖြစ်သည့်အတွက် အလှူရှင်များ လိုအပ်နေကြောင်း အခရာအမျိုးသမီး အဖွဲ့က ပြောသည်။

ထပ်မံ လှူဒါန်းလိုသူများအနေဖြင့်ကာယကံရှင်အမျိုးသမီးငယ်၏ ကမ္ဘောဇဘဏ် Account ဖြစ်သော 298302 298000 16801 သို့လည်ကောင်း၊ကမ္ဘောဇဘဏ် ATM Card No.9993 0729 8000 16901 သို့ ဆက်သွယ်လှူဒါန်းနိုင်တယ်လို့ သိရပါတယ်။

အဆိုပါဖြစ်စဉ်မှာ ပြီးခဲ့သည့် မေလအတွင်းက မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့ ရထားသံလမ်းအနီးတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ၂ဝ၁၆ ခုနှစ် မေလ ၂၂ ရက်၊ ညနေ ၆နာရီ ခန့်က အဆိုပါအမျိုးသမီးငယ်ကို ဖခင်ဖြစ်သူက အလုပ်မှကြိုပြီးပြန်လာစဉ် ဆိုင်ကယ်စီး အမျိုးသား တစ်ဦးက အက်ဆစ်ဖြင့် ၂ ကြိမ်ပက်ကာ ထွက်ပြေးသွားခဲ့ခြင်းဖြစ်ပါတယ်။

အဆိုပါ အက်ဆစ်ဒဏ် ကြောင့် အမျိုးသမီးငယ်၏ မျက်လုံးတစ်လုံး၊ နားတစ်ဖက်နှင့် မျက်နှာတစ်ခြမ်း ပျက်စီးဆုံးရှုံးခဲ့ပြီး လည်ပင်း၊ ပုခုံး၊ လက်နှစ်ဖက်နှင့် ရှေ့ရင်ဘက်တစ်ခုလုံး အက်ဆစ် လောင် ကျွမ်းခံခဲ့ရကြောင်း၊ ဖခင်ဖြစ်သူမှာလည်း ကျောကုန်းတွင် အက်ဆစ်များ လောင်ကျွမ်းခံခဲ့ရကြောင်း သိရသည်။

”ရန်ဖြစ်တယ်စိတ်ဆိုးတယ်ဆိုတာသဘာဝဘဲ၊မိဘကသဘောမတူဘူးဆိုရင်တောင်သူ့နည်းသူ့ဟန်နဲ့နီးစပ်ဖို့လုပ်နိုင်တယ်။

တစ်ယောက်ယောက်ကစိတ်ဆိုးခဲ့ရင်တောင် ဒီလိုနာကျင်စေအောင် မလုပ်သင့်ဘူးလို့ထင်ပါတယ်။အဲ့လိုလုပ်ခဲ့မယ်ဆိုရင် တစ်ဦးက နာကျင်မှုကိုခံစားရမယ်၊တစ်ဦးက တရားဥပဒေနဲ့ရင်ဆိုင်ရမယ် ” လို့ အက်ဆစ်ဖြင့်အပက်ခံရသူအမျိုးသမီးက ဆက်လက်ပြောကြား ခဲ့ပါတယ်။

ထိုသို့ အက်ဆစ်ဖြင့် ပက်ခဲ့သည်ဟု သံသယရှိသူကို သံဖြူဇရပ်မြို့ နယ်တရားရုံးတွင် အပြင်းအထန်နာကျင်စေမှု ရာဇသတ်ကြီးပုဒ်မ ၃၂၆ ၊ သာမန်နာကျင်စေမှု ရာဇသတ်ကြီးပုဒ်မ ၃၂၄ တို့ဖြင့် စစ်ဆေးလျက်ရှိပြီး ယခုအချိန်အထိ အမိန့်ချမှတ်နိုင်ခြင်းမရှိသေးကြောင်းသိရှိရပါတယ်။

Credit - မင်းထွန်း(အုတ်ကျင်း) 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။