ပရိသတ်အချစ်တော် မြန်မာ့ဂုဏ်ဆောင်လက်ဝှေ့ဖိုက်တာကြီးအောင်လအန်ဆန်းကတော့ မြန်မာ့နှစ်သစ်ကို ဆုတောင်းပေးလိုက်ပါပြီ။ အောင်လအန်ဆန်းကတော့ ရိုးသားပြီး အေးချမ်းသာယာတဲ့ မိသားစုကို တည်ထောင်ထားပေမယ့် ဘဝအတွက်ကြိုးစားရုန်းကန်နေသူတစ်ယောက်ဖြစ်ကြောင်း သိရပါတယ်။  

အောင်လအန်ဆန်းကတော့ လက်ရှိကျင်းပပြုလုပ်နေတဲ့ မြန်မာ့နှစ်သစ်ကူးသင်္ကြန်ပွဲကို ကြိုဆိုထားပြီး နှစ်သစ်ဆုတောင်းလေးတောင်းပေးထားတာတွေ့ရပါတယ်။ အောင်လအန်ဆန်းရဲ့ဖေ့စ်ဘွက်စာမျက်နှာပေါ်တွင် နှစ်သစ်ဆုတောင်း စကားလေးပါးထားတာတွေ့ရပါတယ်။ အောင်လအန်ဆန်းဆုတောင်းလေးကတော့" စစ်ပွဲမရှိတဲ့ နေရာလေးတစ်ခုကို စိတ်ကူးထဲမှာပုံဖော်ကြည့်ပေါ့။ လူမျိုး ဘာသာ ယောကျာ်း မိန်းမမရွေး အားလုံးဟာမိတ်ဆွေတွေပါပဲ။ မြန်မာနိုင်ငံမှာ ဒီလိုငြိမ်းချမ်းမှုမျိုးရဖို့ ဆုတောင်းနေပါတယ်။ ပျော်ရွှင်စရာ နှစ်သစ်ဖြစ်ပါစေ။ မေတ္တာတရား ပျော်ရွှင်ခြင်းတို့ နှင့်ပြည့်စုံပါစေလို့ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။" ဟူ၍ ရေးသားထားတာပဲဖြစ်ပါတယ်။ 

အဆိုပါ နဲှစ်သစ်ဆုတောင်းနဲ့ အတူ ပရိသတ်အချစ်တော် အောင်လအန်ဆန်းကတော့ ချစ်ပရိသတ်ကြီးအတွက် မိသားစုပျော်ရွှင်စရာ ဓာတ်ပုံလေးကိုလည်း ပြသထားတာတွေ့ရပါတယ်။ ချစ်ပရိသတ်ကြီးအတွက် ဒီကနေ့နှစ်သစ်ဆုတောင်းပေးခဲ့တဲ့ အောင်လအန်ဆန်းရဲ့ စာသားလေးနဲ့ အတူမျှဝေပေးလိုက်တယ်နော်။

Source - Aung La NSaung

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။