မန်ယူအသင်းရဲ့ နည်းပြ မော်ရင်ဟိုဟာ အသင်းရဲ့ ကွင်းလယ်နေရာအတွက် ရှက်တာဒိုးနက် အသင်းရဲ့ ကစားသမား ဖရတ်ဒ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတာဖြစ်ပါတယ်။မော်ရင်ဟို ဟာ အသင်းရဲ့ ကွင်းလယ်ကစားသမားပေါ့ဘာနဲ့ အနည်းအငယ်ပြသာနာတွေရှိနေတာကြောင့် ကွင်းလယ်နေရာအတွက် ကစားသမားတစ်ဦး အလိုရှိနေတာဖြစ်ပါတယ်။

ဒါကြောင့် မော်ရင်ဟိုဟာ လာမယ့်နွေရာသီအပြောင်းအရွှေ့မှာ ဖရတ်ဒ်ကို ပေါင် သန်း ၅၀ နဲ့ ကမ်းလှမ်းဖို့ ပစ်မှတ်ထားနေတာဖြစ်ပါတယ်။မော်ရင်ဟိုအနေနဲ့ ဖရတ်ဒ်ကို မန်စီးတီးအသင်းနဲ့ အပြိုင်ခေါ်ယူဖို့ ကြိုးစားသွားရမှာလည်းဖြစ်ပါတယ်။ဖရတ်ဒ်ကို ခေါ်ယူဖို့ မန်စီးတီးအသင်းကလည်း ကာလကြာရှည်စောင့်ကြည့်မှုတွေပြုလုပ်နေခဲ့ပြီး ခေါ်ယူဖို့ ကြိုးစားနေတာလည်းဖြစ်ပါတယ်။

အသက် ၂၅ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဖရတ်ဒ်ဟာ ရှက်တာဒိုးနက်အသင်းမှာ ခြေစွမ်းပြကစားနေတာကြောင့် အသင်းကြီးအများစုက စောင့်ကြည့်နေကြတာဖြစ်ပါတယ်။ဖရက်ဒ်ဟာ ရှက်တာဒိုးနက်အသင်းနဲ့ စာချူပ်သက်တမ်း ၅ နှစ်ကျန်ရှိနေသေးတာလည်းဖြစ်ပါတယ်။ဖရတ်ဒ်ဟာ ရှက်တာဒိုးနက်အသင်းကို ၂၀၁၃ ခုနှစ်က ရောက်ရှိခဲ့တာလည်းဖြစ်ပါတယ်။ 

source - the sun football

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။