ဒီကနေ့ မနက်ပိုင်စောစောမှာ ရဲစခန်းကို ဖုန်းဝင်လာပါတယ်..။ နန္ဒဝန်ကွက်သစ်ထဲက ကွမ်းခြံတစ်ခုအနီးမှာ စွန့်ပစ်ထားတဲ့ ဖော့ဖာတလုံးဟာ အပုတ်နံ့များ ထွက်ပေါ်နေတာကြောင့် လာရောက်စစ်ဆေးပါဟုဆိုပါတယ်။ အဲ့ဒါကြောင့် ရပ်ကွက်အုပ်ချုပ်ရေး သက်သေလူကြီးများနှင့်အတူ အဆိုပါနေရာသို့ သွားရောက်စစ်ဆေးခဲ့ပါတယ်။

ဖုန်းသတင်းပါ အချက်အလက်များအတိုင်း

၎င်းဖော့ဖာမှာ အပုတ်နံ့များ ဆိုးဆိုးရွားရွားထွက်ပေါ်နေပါတယ်။ နောက်ပြီး ဖော့ဖာကို သေခြာ စနစ်တကျ တိတ်စများကပ်ကာ ထုတ်ပိုးထားတာကြောင့် အတွင်းရှိ ပုတ်ပွနေသော အရာမှာ ဘာလဲဟု ခန့်မှန်းရခက်နေပါတယ်။ မသကာ လူတစ်ယောက်ကို တုံးတစ်ပြီးများ ဆိုခဲ့ရင် ခက်ရချည်ရဲ့လို့တွေးတောပြီး ရသမျှ ဘုရားစာများကို တရစပ်ရွတ်ဖတ်ခဲ့ရတယ်။

ပို့သသော မေတ္တာများကြောင့် ဖော့ဖာကို ဖွင့်ဖောက်ကြည့်လိုက်တဲ့အခါ အထဲမှာက ဘဲဥပုတ်များနှင့် ကြက်မွှေးများဖြစ်နေတာကို တွေ့ရတယ်။

ကြက်သားသတ်ရုံတစ်ခုမှ လာရောက်စွန့်ပစ်ထားနိုင်ဖွယ်ရာ ဖြစ်တယ်။ ကြက်သားသတ်ရုံများ လုပ်ငန်းသုံးစွန့်ပစ်များကို သက်ဆိုင်ရာ အမှိုက်သိမ်းဌာနများနဲ့ ဆွေးနွေးပြီးမှ လမ်းညွှန်ချက်များအတိုင်း စည်းကမ်းတကျ စွန့်ပစ်ကြပါ။ နောက်ဆိုလျင် သေခြာစောင့်ပြီး ဖမ်းဆီးပညာပေးပါ့မယ်..

ရဲအုပ် ရဲအောင်

စခန်းမှူး မုံရွာနယ်မြေရဲစခန်း

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။