အမေရိကန်နိုင်ငံမှာရှိတဲ့ Starbucks ကော်ဖီဆိုင်က ဝန်ထမ်းတွေကို လူမျိုးရေးနဲ့ပတ်သတ်တဲ့ အသိပညာတွေသင်ပေးဖို့အတွက် လာမယ့်လမှာ ဆိုင်ခွဲပေါင်း 8000 ကျော် အကုန်လုံးကိုပိတ်ပစ်မယ်လို့သိရပါတယ်။ မေလ 29 ရက်နေ့က စတင်၍ဆိုင်တွေကို ပိတ်ထားမှာဖြစ်ပြီး ဆိုင်ဝန်ထမ်း ၂ သိန်းနီးပါးကိုလည်း လူမျိုးရေးခွဲခြားမှုကနေ ကာကွယ်ဖို့ သင်တန်းတွေပို့ချသွားမှာဖြစ်တယ်လို့လဲသိရပါတယ်။

Starbucks ကုမ္ပဏီဟာ အရင်တပတ်တုန်းက Philadelphia မှာရှိတဲ့ Starbucks ဆိုင်အနီးနားမှာ သူငယ်ချင်းတွေကို စောင့်ဆိုင်းနေတဲ့ လူမည်း ၂ ဦးကို ဖမ်းဆီးဖို့ ဆိုင်ဝန်ထမ်းတွေက ရဲကိုတိုင်ကြားခဲ့တာကြောင့် လူမျိုးရေးခွဲခြားတယ်ဆိုပြီးဝေဖန်ခံနေရတာပဲဖြစ်ပါတယ်။ တချို့ကတော့ Starbucks ကုမ္ပဏီကို သပိတ်မှောက်ဖို့ထိ တောင်းဆိုမှုတွေ ရှိနေတယ်လို့လဲသိရပါတယ်။

Starbucks ကုမ္ပဏီကတော့ ထိုကိစ္စရပ်တွေကြောင့် တောင်းပန်းမှုတွေပြုလုပ်ခဲ့ရပြီး နောက်ဆုံး ဆိုင်တွေပိတ်ပစ်ပြီး သင်တန်းပေးဖို့ဆုံးဖြတ်ချက်ချခဲ့တာပဲဖြစ်ပါတယ်။ယခုလို ဆိုင်တွေပိတ်ပစ်လိုက်ရတဲ့အတွက် Starbucks ကုမ္ပဏီအနေနဲ့ ဒေါ်လာ သန်း ၂၀နီးပါး ဝင်ငွေဆုံးရှုံးမှုတွေ ဖြစ်ပေါ်လာနိုင်တယ်လို့ ခန့်မှန်းမှုတွေ ထွက်ပေါ်နေတယ်လို့လဲသိရပါတယ်။

source - BBC

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။