သူမဟာ ဝေဒနာတွေခံစားရပြီးနောက် သုံးမြွှာပူးကလေးတွေကို အောင်မြင်စွာမွေးပေးပြီးနောက် တစ်ပတ်အကြာမှာ သေဆုံးခဲ့ပါတယ်။ 

အသက် ၃၉ နှစ်အရွယ်ရှိ Rachel Park ဟာ ပြီးခဲ့တဲ့ခရစ်စမတ်မှာ အမြွှာကလေးသုံးဦးကို လမစေ့ဘဲမွေးဖို့ အခြေအနေကျရောက်ခဲ့ပါတယ်။ ဒါပေမယ့်သူမဟာ အကောင်းဆုံးကြိုးစားခဲ့ပြီး အမြွှာကလေးတွေကို မွေးပေးခဲ့ပါတယ်။ ခရစ်စမတ်မှာ အမြွှာလေးသုံးယောက်ကိုရလိုက်တဲ့အတွက် သူမနဲ့ခင်ပွန်းဖြစ်သူတို့ဟာ အင်မတန်ပျော်ရွှင်ခဲ့ကြပါတယ်။

ကလေးငယ်လေးတွေဟာ မွေးဖွားပြီးအချိန်မှာ သကြားနှစ်ထုပ်သာသာ အလေးချိန်ရှိခဲ့ပြီး အဆုတ်ကလေးတွေဟာ သေးငယ်လွန်းတဲ့အတွက် အရေးပေါ်ကုသမှုခံယူခဲ့ရပြီး အသက်ရှင်ရန် ကြိုးစားခဲ့ရပါတယ်။ ဒါပေမယ့် ကလေးငယ်လေးတွေဟာ မကြာခင်မှာပဲ ကျန်းမာရေးကောင်းမွန်လာပြီး အသက်ရှင်ခဲ့ပေမယ့် မိခင်ဖြစ်သူကတော့ တစ်ပတ်အကြာမှာ လောကကြီးကို နှုတ်ဆက်ခွဲခွာခဲ့ရပါတယ်။

Source : dailymail

Translated by Alexa

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။