အနုပညာလောကရဲ့ ထိပ်တန်းမင်းသားတစ်လက်ဖြစ်သလို ပရိသတ်အားပေးမှုအပြည့်အဝ ရရှိထားသူလည်းဖြစ်တဲ့ အောင်ရဲလင်းကတော့ သင်္ကြန်တွင်းမှာ ချစ်သူနဲ့အတူ ခရီးထွက်နေတယ်လို့ သိရပါတယ်။ အောင်ရဲလင်းဟာ မိန်းကလေးပရိသတ်တွေကြား အထူးရေပန်းစားတဲ့ မင်းသားတစ်လက်ဖြစ်ပြီး သူ့ရဲ့အချစ်ရေးဟာ ပရိသတ်တွေကြား စိတ်ဝင်စားစရာ ကိစ္စတစ်ရပ်ဖြစ်ပါတယ်။

ယခုနှစ်သင်္ကြန်မှာတော့ မင်းသားအောင်ရဲလင်းတစ်ယောက် ချစ်သူနဲ့အတူ ခရီးထွက်ခဲ့တယ်လို့ သိရပါတယ်။ ထိုင်းနိုင်ငံ ပတ္တရားကမ်းခြေကို သွားရောက်လည်ပတ်ခဲ့တာဖြစ်ပြီး ချစ်သူကောင်မလေးရဲ့ instagram အကောင့်မှာတော့ အောင်ရဲလင်းနဲ့အတူ ဓာတ်ပုံတင်ထားတာကိုတွေ့ရပါတယ်။ ဓာတ်ပုံအများစုမှာတော့ အောင်ရဲလင်းရဲ့ မျက်နှာမှာ ချစ်စရာ sticker လေးတွေကပ်ထားပြီး နောက်ဆုံးတင်ထားတဲ့ ဓာတ်ပုံမှာတော့ sticker မကပ်ပဲတင်ထားတာ တွေ့ရပါတယ် ပရိသတ်ကြီးရေ။

လက်ရှိမှာတော့ အောင်ရဲလင်းရဲ့ facebook အကောင့်ဟက်ခံထားရတယ်လို့ သိရပြီး ပြန်မရသေးဘူးလို့လည်း သိရပါတယ်။ အနုပညာပိုင်းမှာတော့ အောင်ရဲလင်းဟာ ကာရိုက်တာနဲ့ပတ်သတ်ပြီး သေချာရွေးချယ်လုပ်ကိုင်နေတာကို တွေ့ရပြီး ပရိသတ်တွေကလည်း ပိုမိုနှစ်သက်လာကြတယ်လို့ ဆိုပါတယ်။ ကဲ ပရိသတ်ကြီးအတွက် ကမ်းခြေကိုရောက်ရှိခဲ့တဲ့ အောင်ရဲလင်းတို့စုံတွဲရဲ့ ဓာတ်ပုံလေးတွေကို ကူးယူဖော်ပြပေးလိုက်ပါတယ်နော်.....

Photo Source : Aung Ye Lin

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။