အိန္ဒိယနိုင်ငံက သတင်းထောက်နဲ့ ကာတွန်းဆရာမတစ်ဦးဟာ မုဒိမ်းမှုဆန့်ကျင်ရေးနဲ့ ပတ်သတ်ပြီး ကာတွန်းတစ်ခုရေးဆွဲခဲ့တယ်လို့သိရပါတယ်။ ၎င်းကာတွန်းဆရာမနာမည်ကတော့ Swathi Vadlamudi ဖြစ်ပြီး သူမဟာ ရာမမင်းသားနဲ့ မယ်သီတာ တို့စကားပြောနေတာကို ကာတွန်းနဲ့သရုပ်ဖော်ပြီး အာဏာရ ဟိန္ဒူအမျိုးသားပါတီ BJP ကိုသရော်ခဲ့တာပဲဖြစ်ပါတယ်။

့ Vadlamudi ကတော့ ထိုသို့သရော်ခဲ့တာကြောင့် အခုဆိုရင် အင်တာနက်ပေါ်ကနေ ခြိမ်းခြောက်စာတွေ များစွာရရှိခဲ့တယ်လို့သိရပါတယ်။ မစ္စ Vadlamudi ကတော့ အဆိုပါကာတွန်းဟာ အရင်သီတင်းပတ်က အိန္ဒိနိုင်ငံက ခေါင်းကြီးသတင်းတွေမှာ နေရာယူခဲ့တဲ့ မုဒိမ်းမှု ၂ ခုကို ရှုတ်ချတဲ့အနေနဲ့ ရေးဆွဲခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။

၎င်းမုဒိမ်းမှု နှစ်ခုကတော့ Kathua ခရိုင်မှာ အသက်၈နှစ်အရွယ် မွတ်စလင်ကလေးတစ်ဦးကို အုပ်စုလိုက် မုဒိမ်းကျင့်သတ်ဖြတ်ခဲ့တဲ့အမှုနှင့် အသက် ၁၆ နှစ်အရွယ် မိန်းကလေးတစ်ဦးက BJP အမတ်တစ်ဦးရဲ့ အိမ်အပြင်ဘက်မှာ ကိုယ့်ကိုယ်ကိုယ်သတ်သေခဲ့တဲ့ အမှုရယ်ပဲဖြစ်ပါတယ်။ ထိုအမှုနှစ်ခုလုံးနဲ့ BJP ပါတီကဝန်ကြီး တွေမှာ ပါဝင်ပတ်သတ်နေတယ်လို့ စွပ်စွဲခံထားရတာဖြစ်ပြီး Vadlamudi ရဲ့ကာတွန်းထဲမှာတော့ သီတာက ဒဿဂီရိ ပြန်ပေးဆွဲတာထက် ရှင့်ရဲ့ နောက်လိုက်တွေ ပြန်ပေးဆွဲရင် ပိုဆိုးအုံးမယ်လို့ ပြောကြားထားခဲ့တာပဲဖြစ်ပါတယ်။ ၎င်းနေရာမှာ ရာမရဲ့နောက်လိုက်တွေဆိုပြီး ရည်ညွှန်းတဲ့ Bhakts ဆိုတဲ့အသုံးအနှန်းဟာ အိန္ဒိယဝန်ကြီးချုပ် မိုဒီ နောက်လိုက်တွေကို အိန္ဒိယမှာ ရည်ညွှန်းသုံးနှန်းထားတာလည်းဖြစ်ပါတယ်။

source - BBC

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။