Beauty Blogger တစ်ဦးအဖြစ် ပရိသတ်တွေ စတင်သတိထားမိခဲ့တဲ့ နေခြည်ဦးကတော့ လက်ရှိမှာ ငပလီကမ်းခြေကို ရောက်ရှိနေတယ်လို့ သိရပါတယ်။ Honest review တွေပေးတတ်သူမို့ အလှအပရေးရာ စိတ်ဝင်စားသူတွေကြား အထူးနာမည်ကြီးတဲ့ သူမဟာ Chillies Fandom နဲ့အတူ ပရိသတ်အခိုင်အမာ ရရှိထားသူတစ်ဦးလည်းဖြစ်ပါတယ်။ 

သူမဟာ အောင်မြင်လာတာနဲ့အမျှ ဝေဖန်တိုက်ခိုက်မှုတွေနဲ့ မကြာခဏရင်ဆိုင်ရသူတစ်ဦးလည်းဖြစ်ပေမယ့် အောင်မြင်မှုကိုတော့ လက်ရှိချိန်ထိ ထိန်းသိမ်းထားနိုင်ဆဲဖြစ်ပါတယ်။ ယခုနှစ်သင်္ကြန်မှာလည်း သူမရဲ့ fan တွေနဲ့အတူ အုန်းလက်မဏ္ဍပ်ထိုးကာ စတုဒိသာကျွေးရင်း သင်္ကြန်ကို ပျော်ရွှင်စွာဖြတ်သန်းခဲ့တယ်လို့ သိရပါတယ်။ သူမရဲ့အချစ်ရေးဟာလည်း ပရိသတ်တွေကြား စိတ်ဝင်စားစရာဖြစ်သလို သူမရဲ့ ဖက်ရှင်တွေဟာလည်း ပရိသတ်တွေအတွက် စောင့်ကြည့်စရာဖြစ်ပါတယ်။

သူမဟာ သူမရဲ့ နေစဉ်လှုပ်ရှားမှုပုံရိပ်လေးတွေကို သူမရဲ့ instagram မှာ update လုပ်လေ့သူလည်း ဖြစ်ပါတယ်။ လတ်တလောမှာတော့ ကမ်းခြေရောက်နေတာဖြစ်တဲ့အတွက် bikini နဲ့ ဓာတ်ပုံလေးတွေကိုလည်း တင်ထားတာ တွေ့ရပါတယ်။ လက်ရှိမှာတော့ နေခြည်ဦးဟာ အလှအပရေးရာအပြင် အနုပညာလှုပ်ရှားမှုတွေပါ စတင်လုပ်ကိုင်နေပြီး နေမင်း ဝတ်မှုန်ရွှေရည်တို့နဲ့အတူ ရုပ်ရှင်ဇာတ်ကားကြီးမှာလည်း ပါဝင်သရုပ်ဆောင်ထားပါတယ် ပရိသတ်ကြီးရေ..... 

Photo Source : Nay Chi Oo

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။