မနက်ကယှဉ်ပြိုင်ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ မန်ယူအသင်းဟာ အဝေးကွင်းမှာ ဘုန်းမောက်အသင်းကို ၂ ဂိုး ဂိုးမရှိရလဒ်နဲ့ အနိုင်ရရှိခဲ့တာလည်းဖြစ်ပါတယ်။မန်ယူအသင်းဟာ ပွဲစဉ် ၃၄ ပွဲ ပြီးဆုံးချိန်မှာတော့ ရမှတ် ၇၄ မှတ်နဲ့ အဆင့် ၂ နေရာမှာရှိနေတာဖြစ်ပါတယ်။အဆင့် ၃ နေရာက လီဗာပူလ်းအသင်းကို ၄ မှတ်ဖြတ်ထားနိုင်တာလည်းဖြစ်ပါတယ်။ဘုန်းမောက်အသင်းကတော့ ရမှတ် ၃၈ မှတ်နဲ့ အဆင့် ၁၁ နေရာမှာရှိနေတာလည်းဖြစ်ပါတယ်။

ဘုန်းမောက်အသင်းရဲ့ ပွဲထွက်လူစာရင်းမှာတော့ ဝီဆင်၊ ကင်း၊ ဖရေဆာ၊ ဆာမန်း၊ ဂျော်ဒန်အိုက်၊ လူးဝစ်ကွတ် တို့ကိုထည့်သွင်းအသုံးပြုခဲ့တာလည်းဖြစ်ပါတယ်။မန်ယူအသင်းရဲ့ ပွဲထွက်လူစာရင်းမှာတော့ မာရှယ်၊ ရက်စ်ဖို့စ်၊ လင်ဂတ်၊ ပေါ့ဘာ၊ ဟာရဲယား၊ ဖယ်လိုင်နီ တို့ကိုထည့်သွင်းအသုံးပြုခဲ့တာလည်းဖြစ်ပါတယ်။အိမ်ကွင်းမာကျောတဲ့ ဘုန်းမောက်အသင်းကို မန်ယူအသင်းပုံစံကောင်းနဲ့ ဖြတ်ကျော်ခဲ့ပြီး အနိုင်ရလဒ်ရယူခဲ့တာလည်းဖြစ်ပါတယ်။ 

မန်ယူအသင်းအတွက် အဖွင့်ဂိုးကိုတော့ ၂၈ မိနစ်မှာ စမောလင်းက သွင်းယူပေးခဲ့တာဖြစ်ပါတယ်။မိနစ် ၇၀ မှာ လူကာကူ က မန်ယူအသင်းအတွက် အနိုင်သေချာစေမဲ့ဂိုးကို သွင်းယူပေးခဲ့တာဖြစ်ပါတယ်။မန်ယူအသင်းဟာ ပြီးခဲ့တဲ့ ပွဲစဉ်မှာ ဝက်စ်ဘရွန်းအသင်းကို ရှုံးနိမ့်ခဲ့တာကြောင့် ပရီးမီးယားလိဂ်ဖလားကို မန်စီးတီးအသင်းကရယူသွားနိုင်ခဲ့တာလည်းဖြစ်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။