မနက်ကယှဉ်ပြိုင်ကစားခဲ့တဲ့ အီတလီစီးရီးအေပွဲစဉ်မှာ ခရိုတုန်းအသင်းနဲ့ ဂျူဗင်တပ်အသင်းတို့ဟာ တစ်ဖက်တစ်ဂိုးစီနဲ့ သရေကျခဲ့တာလည်းဖြစ်ပါတယ်။ဂျူဗင်တပ်အသင်းဟာ ရမှတ် ၈၅ မှတ်နဲ့အဆင့် ၁ နေရာမှာရှိနေတာလည်းဖြစ်ပါတယ်။ပွဲစဉ်ပြီးဆုံးဖို့ ၅ ပွဲသာကျန်ရှိတော့တဲ့ အနေအထားတစ်ခုမှာ ဂျူဗင်တပ်အသင်းဟာ ဒုတိယနေရာက နာပိုလီအသင်းကို ၄ မှတ်ဖြတ်ထားနိုင်ခဲ့တာလည်းဖြစ်ပါတယ်။ခရိုတုန်းအသင်းဟာ ယခုသရေပွဲရလဒ်ကြောင့် တန်းဆင်းဇုံကနေ လွတ်မြောက်ဖို့ အခွင့်အရေးရှိနေသေးတာလည်းဖြစ်ပါတယ်။ 

ခရိုတုန်းအသင်းရဲ့ ပွဲထွက်လူစာရင်းမှာတော့ ရော့ဒန်၊ ဒီယာဘီ၊ ဘာဘီရစ်၊ မန်ဒရာဂိုရာ၊ စတိုရီယန်၊ ဆီမီယွန် တို့ကို ထည့်သွင်းအသုံးပြုခဲ့တာလည်းဖြစ်ပါတယ်။ဂျူဗင်တပ်အသင်းရဲ့ ပွဲထွက်လူစာရင်းမှာတော့ ဒီဘာလာ၊ ဟီဂူအင်၊ ဒေါက်ဂလက်ကော်စတာ၊ စတူရာရို၊ မာတွီဒီ၊ မာချီစီယို တို့ကို ထည့်သွင်းအသုံးပြုခဲ့တာလည်းဖြစ်ပါတယ်။ဂျူဗင်တပ်အသင်းဟာ ဘောလုံးပိုင်ဆိုင်မှုအသာနဲ့တိုက်လျှောက်ဖိအားပေးတိုက်စစ်ဆင်ကစားနိုင်ခဲ့ပေမယ့် ခရိုတုန်းအသင်းရဲ့တန်းဆင်းဇုံးရုန်းအားကြောင့် တစ်မှတ်စီခွဲယူခဲ့ရတာဖြစ်ပါတယ်။

အဖွင့်ဂိုးကိုတော့ ဂျူဗင်တပ်အသင်းက စတင်ရရှိခဲ့တာဖြစ်ပြီး ဒီဂိုးကိုတော့ အဲလက်စ်ဆန်ဒရိုက ၁၆ မိနစ်မှာ သွင်းယူပေးခဲ့တာဖြစ်ပါတယ်။ခရိုတုန်းအသင်းအတွက် ချေပဂိုးကိုတော့ ဆီမီယွန်က ၆၅ မိနစ်မှာ သွင်းယူပေးခဲ့တာဖြစ်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။