မနက်ကယှဉ်ပြိုင်ကစားခဲ့တဲ့ အီတလီစီးရီးအေပွဲစဉ်မှာ နာပိုလီအသင်းဟာ အူဒီနီစ်းအသင်းကို ၄ ဂိုး ၂ ဂိုး နဲ့ အနိုင်ရရှိခဲ့တာလည်းဖြစ်ပါတယ်။နာပိုလီအသင်းဟာ ယခုနိုင်ပွဲရလဒ်ကြောင့် ရမှတ် ၈၁ မှတ်နဲ့ အဆင့် ၂ နေရာမှာ ရှိနေတာလည်းဖြစ်ပါတယ်။ဇယားထိပ်ဆုံးက ဂျူဗင်တပ်အသင်းဟာ သရေကျခဲ့တာကြောင့် ရမှတ် လေးမှတ်သာကွာဟနေတာလည်းဖြစ်ပါတယ်။ဒါကြောင့် နာပိုလီအသင်းဟာ လက်ကျန်ပွဲစဉ်တွေမှာ အမှားခံလို့မရတော့ပဲ ဂျူဗင်တပ်အမှားကို အခွင့်ကောင်းယူဖို့ လိုအပ်နေတာလည်းဖြစ်ပါတယ်။

နာပိုလီအသင်းရဲ့ ပွဲထွက်လူစာရင်းမှာတော့ ကယ်လီဂျွန်၊ မီလစ်၊ အစ်ဇဂနီ၊ ဟမ်ဆစ်၊ ဒိုင်ဝါရာ၊ ဇီယန်လင်စကီး တို့ကိုထည့်သွင်းအသုံးပြုခဲ့တာလည်းဖြစ်ပါတယ်။အူဒီနီစ်းအသင်းရဲ့ ပွဲထွက်လူစာရင်းမှာတော့ ပီရီကာ၊ ဂျန့်တို၊ ပက်ဇယ်လာ၊ အင်ဂျယ်ဆန်၊ ဘာလစ်၊ ဘာရက်၊ ဇမ်ပါနို တို့ကို ထည့်သွင်းအသုံးပြုခဲ့တာလည်းဖြစ်ပါတယ်။နာပိုလီအသင်းဟာ အမှတ်လိုအပ်နေတာကြောင့် အမှားမခံခဲ့ပဲ အိမ်ကွင်းမှာ အနိုင်သုံးမှတ်ကို ရှာဖွေနိုင်ခဲ့တာဖြစ်ပါတယ်။

နာပိုအသင်းအတွက် ဂိုးတွေကိုတော့ အစ်ဇဂနီက ၄၅ မိနစ်မှာ တစ်ဂိုး၊ အယ်ဘီယိုက ၆၄ မိနစ်မှာ တစ်ဂိုး၊ မီလစ် က မိနစ် ၇၀ မှာ တစ်ဂိုး၊ တိုနယ်လီ က ၇၅ မိနစ်မှာ တစ်ဂိုး အသီးသီးသွင်းယူပေးခဲ့ကြတာဖြစ်ပါတယ်။အူဒီနီးစ်အသင်းအတွက် သွင်းဂိုး ၂ ဂိုးကိုတော့ ဂျန့်တိုက ၄၁ မိနစ်မှာ ၁ ဂိုး နဲ့ ၅၅ မိနစ်မှာ အင်ဂျယ်ဆန် က တစ်ဂိုး သွင်းယူပေးခဲ့တာဖြစ်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။