ကျူးဘားနိုင်ငံမှာ တိုင်းပြည်ရဲ့အာဏာကို ဆယ်စုနှစ်ပေါင်းများစွာ ချုပ်ကိုင်ထားတဲ့ ကက်စထရီမျိုးစက်ရဲ့ အုပ်ချုပ်မှုတွေ အဆုံးသတ်သွားပြီး သမ္မတ အပြောင်းအလဲတွေဖြစ်လာတော့မယ်လို့သိရပါတယ်။လက်ရှိအချိန်မှာတော့ ကျူးဘားနိုင်ငံရဲ့ သမ္မတာ ရာအူးလ် ဖြစ်ပြီး နာမကျန်းဖြစ်နေတဲ့ အကို ဖီဒယ် ထံကနေ ၂၀၀၆ ခုနှစ်တုန်းက သမ္မတရာထူးကို လွှဲပြောင်းရယူခဲ့တာဖြစ်တယ်လို့လဲသိရပါတယ်။

လက်ရှိသမ္မတ ရာအူးလ် ကက်စ်ထရိုရဲ့ နေရာကိုဆက်ခံဖို့အတွက် သူရဲ့ညာလက်ရုံးဖြစ်တဲ့ မီဂဲလ် ဓီရပ်စ်-ကနဲလ်ကို ကျူးဘား အမျိုးသားလွှတ်တော်က ပြိုင်ဘက်မရှိအဆိုပြုထားတယ်လို့သိရပါတယ်။ လွတ်တော်အတွင်း မဲခွဲဆုံးဖြတ်ခဲ့ကြတာဖြစ်ပေမယ့် ရလဒ်ကိုတရားဝင် ထုတ်ပြန်ခြင်းမရှိသေးဘူးလို့လဲသိရပါတယ်။

လေ့လာသူတွေကတော့ လျှပ်စစ်အင်ဂျင်နီယာတစ်ယောက်ဖြစ်တဲ့ မီဂဲလ် ဟာ သူ့ကို ရာအူးလ်က သမ္မတနေရာကို လွဲပေးဖို့ ၅ နှစ်လုံးလုံး အသေအချာပြင်ဆင်နေတာဖြစ်တယ်လို့ပြောကြားထားပါတယ်။ ကျူးဘားကွန်မြူနစ်ပါတီ ကို ရာအူးလ်ချူပ်ကိုင် ထားသ၍တော့ မီဂဲလ် အနေနဲ့ အပြောင်းအလဲကြီးကြီးမားမား လုပ်ဆောင်နိုင်ဦးမှာ မဟုတ်ဘူးလို့ယူဆချက်တွေထွက်ပေါ်နေတယ်လို့လဲ သိရပါတယ်။

source- BBC

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။