မနေ့က ယှဉ်ပြိုင်ကစားခဲ့တဲ့ ပြင်သစ်ဖလားပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲစဉ်မှာ PSG အသင်းဟာ ကိန်းအသင်းကို ၃ ဂိုး ၁ ဂိုး နဲ့ အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။ဒါကြောင့် PSG အသင်းဟာ ပြင်သစ်ဖလား ပြိုင်ပွဲရဲ့ ဗိုလ်လုပွဲကို တတ်ရောက်နိုင်ခဲ့တာလည်းဖြစ်ပါတယ်။ဗိုလ်လုပွဲမှာ PSG အသင်းဟာ လက်ဟားဘီယား အသင်းနဲ့ ယှဉ်ပြိုင်ကစားသွားရမှာလည်းဖြစ်ပါတယ်။လက်ဟားဘီယားအသင်းဟာ ပြင်သစ်ဖလားဗိုလ်လုပွဲကို ပထမဆုံးအကြိမ်တတ်ရောက်လာတဲ့ အသင်းလည်းဖြစ်ပါတယ်။ 

ကိန်းအသင်းရဲ့ ပွဲထွက်လူစာရင်းမှာတော့ ဒီမင်ဂွတ်၊ ဆမ်တီနီ၊ ရိုဒါလင်၊ ပီတာ၊ ဒိုင်ရိုမန်ဒီ တို့ကိုထည့်သွင်းအသုံးပြုခဲ့တာလည်းဖြစ်ပါတယ်။PSG အသင်းရဲ့ ပွဲထွက်လူစာရင်းမှာတော့ ဒီမာရီယာ၊ ကာဗာနီ၊ အမ်ဘတ်ပီ၊ ဒရက်ဇလာ၊ ရာဘီယော့၊ ကယ်ဆို တို့ကိုထည့်သွင်းအသုံးပြုခဲ့တာဖြစ်ပါတယ်။

PSG အသင်းအတွက် အဖွင့်ဂိုးကိုတော့ ၂၅ မိနစ်မှာ အမ်ဘတ်ပီက သွင်းယူပေးခဲ့တာဖြစ်ပါတယ်။၄၃ မိနစ်မှာ ဒိုင်အိုမန်ဒီက ကိန်းအသင်းအတွက် ချေပဂိုးပြန်လည်သွင်းယူပေးခဲ့တာလည်းဖြစ်ပါတယ်။၈၁ မိနစ်မှာ အမ်ဘတ်ပီက PSG အသင်းအတွက် ဦးဆောင်ဂိုးသွင်းယူပေးနိုင်ခဲ့ပါတယ်။PSG အသင်းအတွက် အနိုင်သေချာစေမဲ့ဂိုးကိုတော့ (၉၀+၅) မိနစ်မှာ အမ်ကွန်ကူ က သွင်းယူပေးခဲ့တာဖြစ်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။