စာရေးဆရာမ ပုညခင်

၂ဝ၁၇ နှစ်သစ်မှာ စာပေပရိသတ်တွေအားလုံး ကိုယ်စိတ် နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ၊ ပြည်သူအားလုံးလည်း နှစ်သစ် မင်္ဂလာပျော်ရွှင်ချမ်းမြေ့ကြသလို ကောင်းသောလိုအင်ဆန္ဒ မှန်သမျှ ပြည့်ဝကြပါစေလို့ ဆုတောင်းမေတ္တာပို့သပေးပါတယ်။

ဇာဂနာ

နှစ်သစ်ကူးပြီဆိုတာနဲ့ စိတ်သစ်တွေပါကူးဖို့ လိုတယ်။ ဒါမှလည်း လူနေထိုင်မှုဘဝ အသစ်တွေလည်း ကူးပြောင်းကြ ရပါလိမ့်မယ်။ နှစ်သစ်ကူးရင် စိတ်သစ်ကူးပါ၊ စိတ်သစ်ကူးရင် ဘဝသစ်ကူးပါလိမ့်မယ်လို့ အားလုံးကို မေတ္တာရပ်ခံချင်ပါတယ်။

ဒါရိုက်တာကြည်ဖြူသျှင်

၂ဝ၁၆ ကနေ ၂ဝ၁၇ နှစ်သစ်ကူးပြီ၊ ဒီအချိန် နှစ်သစ်ကူး တိုင်းမှာ အားလုံးရဲ့စိတ်တွေ အကုန်လုံးကတော့ နှစ်ဟောင်းကနေ နှစ်သစ်ကိုရောက်ပြီဆိုရင် ပျော်ရွှင်လန်းဆန်းမှုတွေ ရှိတာပဲ။ အဲဒီလိုပဲ နှစ်ဟောင်းမှာရှိတဲ့ ကိုယ့်ရဲ့စိတ်ဓာတ်တွေကို နှစ်သစ် မှာ ပိုပြီးကောင်းမွန်အောင် ပြောင်းလဲဖို့လိုတယ်။ ပျော်ရွှင်မှုနဲ့ အတူ ကောင်းသောပြောင်းလဲခြင်းတွေကိုလည်း နှစ်သစ်ကို သယ်ဆောင်သွားပါ။ ကိုယ့်မှာရှိတဲ့ အားနည်းချက်တွေ ပြင်ရ မယ့်စိတ်ဓာတ်တွေကို နှစ်ဟောင်းမှာထားခဲ့ပါ၊ ပြီးရင် နိုင်ငံရဲ့ တိုးတက်မှုနဲ့အတူ လူတိုင်း လူတိုင်း ပျော်ရွှင်သောနှစ်သစ်ကို ပျော်ရွှင်စွာနဲ့ အားလုံးလိုအပ်ချက်မရှိ ပြည့်စုံစွာနဲ့ ပြောင်းလဲ နိုင်ကြပါစေလို့ ဆုတောင်းပေးပါတယ်။

ဝိုင်းစုခိုင်သိန်း

အခု နှစ်သစ်ကနေစပြီးတော့ ချစ်တဲ့ပရိသတ်တွေအားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနဲ့ ပြည့်စုံပါစေ၊ မိမိလိုချင်တဲ့ ဆန္ဒတွေအားလုံး ဒီနှစ်ကနေစပြီး အကောင်အထည် ဖော်နိုင်ပါစေလို့ ဆုမွန်တောင်းလိုက်ပါတယ်။

အိမ့်ချစ်

နှစ်သစ်မှာ လူတိုင်း စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာ ခြင်းနှင့် ပြည့်ဝပါစေ။ စီးပွားလာဘ်လာဘတွေလည်း အရင်နဲ့ မတူဘဲ ဒီထက်တိုးတက်ကောင်းမွန်စွာ ရှာဖွေလို့ရကြပါစေ။ ပညာရေး၊ လူမှုရေး၊ ကျန်းမာရေး အစစအရာရာ တိုးတက်ကြ ပါစေလို့ အိမ့်ချစ်က ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်ရှင်။

ဂုဏ်ရည်အေးကျော်

တစ်နှစ်ထက်တစ်နှစ် ပိုမိုကောင်းမွန်တဲ့နှစ်သစ်ကို ပိုင်ဆိုင်ပါ စေ၊ နှစ်တစ်နှစ်ကုန်ဆုံးတော့မယ်ဆိုရင် ဘယ်လိုပဲဖြစ်ဖြစ် မိမိ ကိုယ်ကို ပြန်ပြီးလေ့လာကြည့်ရှုသင့်ပါတယ်။ ဒီအထဲမှာ ကိုယ့် အနေနဲ့ ဘာတွေမကြိုက်တာများ ကြုံတွေ့ခဲ့ရသလဲ။ ပိုကောင်း တာတွေ ဘာဖြစ်ခဲ့သလဲ၊ နှစ်သစ်ကိုရောက်ပြီဆိုတာနဲ့ အမှားတွေ နည်းသွားအောင်၊ ပိုပြီးအောင်မြင်လာအောင်၊ ပိုပြီးကောင်းလာ အောင် ပြန်လည်ပြင်ဆင်ရင်း ပိုမိုကောင်းမွန်တဲ့ နှစ်သစ်ကို ရယူပိုင်ဆိုင်နိုင်ကြပါစေလို့ မြန်မာနိုင်ငံသူ နိုင်ငံသားတွေအတွက် ရော ပရိသတ်ကြီးအတွက်ပါ ဆုတောင်းပေးလိုက်ပါတယ်။

ထွန်းရတီ

၂ဝ၁၆ ခုနှစ်အကုန် Happy New Year မှာ ၂ဝ၁၇ ခုနှစ်ကို စတင်ဝင်ရောက်ချိန်ကစပြီး ချစ်သောပရိသတ်ကြီး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ၊ ပိုပြီးလည်းပျော်ရွှင် ကြပါစေ၊ စီးပွားလာဘ်လာဘလည်း ပိုပြီးတော့ကောင်းမွန်ပါ စေ၊ ကျန်းမာရေး၊ လူမှုရေး၊ အချစ်ရေးတွေ အစစ အားလုံး အဆင်ပြေပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

နန်းခင်ဇေယျာ

နှစ်သစ်မှာ ပြည်သူတွေအားလုံး နှစ်ဟောင်းကရှိခဲ့တဲ့ စိတ်ဒုက္ခခံစားရတာတွေ၊ အခက်အခဲတွေ ခံစားရတာတွေ၊ နှစ်ဟောင်းမှာ အားလုံးပါသွားပြီး နှစ်သစ် ကံကောင်းခြင်း ဆုလာဘ်များစွာတွေနဲ့ ပျော်ရွှင်မှုများစွာကို ရရှိပိုင်ဆိုင်နိုင်ကြ ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

ယွန်းဝတီလွင်မိုး

တစ်တိုင်းတစ်ပြည်လုံးမှာရှိကြတဲ့ ပြည်သူတွေအားလုံး နှစ်သစ်ကနေစပြီး စိတ်ရောကိုယ်ပါ ကျန်းမာချမ်းသာကြ ပါစေလို့ ဆုတောင်းလိုက်ပါတယ်။

သျှားထွဋ်အြိာ

လာမယ့် ၂ဝ၁၇ ခုနှစ်မှာ က္ဘာသူ က္ဘာသားတွေရော မြန်မာပြည်သူ ပြည်သားတွေရော ပရိသတ်ကြီးရော စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာ ခြင်းနှင့် ပြည့်စုံကြပါစေ။ စိတ်သွားတိုင်း ကိုယ်ပါ လိုရာဆန္ဒတွေအားလုံး ပြည့်ဝကြပါစေလို့ ဆုတောင်း လိုက်ပါတယ်။

ဖိုးချစ်

အတိတ်က မကောင်းသောအဟောင်းများကို ထားခဲ့ပြီး အနာဂတ်မှာ ကောင်းခြင်းများနှင့် ချီတက်ကြပါစို့၊ မြန်မာ ပြည်သူ ပြည်သားများအားလုံးနှင့်အတူ ပြည်သူ၏နား၊ ပြည်သူ ၏ မျက်လုံးဖြစ်သော မီဒီယာများသည်လည်း အဓွန့်ရှည်တည်တံ့ စွာ ဤနှစ်သစ်မှာ ကောင်းခြင်းများရရှိပါစေ။

တွေ့ဆုံမေးမြန်း - ရီရီမြင့်၊ မြတ်စန္ဒီသင်းဇော်

ဓာတ်ပုံ - လူမှုကွန်ရက်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။