အာဆင်နယ်အသင်းဟာ နောက်တန်းပြင်ဆင်မှုကို ပြုလုပ်ဖို့အတွက် ဂျူဗင်တပ်အသင်းရဲ့ နောက်တန်းကစားသမားတစ်ယောက်ကို ပစ်မှတ်ထားနေတာလည်းဖြစ်ပါတယ်။သူကတော့ အသက် ၂၃ နှစ်အရွယ်သာရှိသေးတဲ့ ရူဂါနီပဲ ဖြစ်ပါတယ်။လူငယ်ကြယ်ပွင့် နောက်တန်းကစားသမားကို ခေါ်ယူဖို့အတွက် အာဆင်နယ်အသင်းဟာ ပေါင် ၃၅ သန်း အသုံးပြုသွားဖို့ရှိနေတာလည်းဖြစ်ပါတယ်။ရူဂါနီကို မန်ယူအသင်းကလည်း စောင့်ကြည့်နေတာလည်းဖြစ်ပါတယ်။

နွေရာသီအပြောင်းအရွှေ့ကာလမှာ အာဆင်နယ်အသင်းနည်းပြ အာစင်ဝင်းဂါးဟာ နောက်တန်းကို အဓိက ပြင်ဆင်မှုတွေ ပြုလုပ်သွားလိုနေတာလည်းဖြစ်ပါတယ်။ဒါကြောင့် ရူဂါနီကိုခေါ်ယူရန် ပြင်ဆင်မှုတွေပြုလုပ်နေတာလည်းဖြစ်ပါတယ်။ဒါ့အပြင် ရူဂါနီကို ပွဲထွက်ကစားသမားအဖြစ် အာမခံချက်ပေးပြီး အရခေါ်ယူသွားဖို့ရှိနေတာလည်းဖြစ်ပါတယ်။အင်တာမီလန်အသင်းကလည်း မူစတာဖီကို စောင့်ကြည့်နေတာကြောင့် အာဆင်နယ်အသင်းခံစစ် ပြသာနာဖြေရှင်းရန်အတွက် အရခေါ်ယူလိုနေတာလည်းဖြစ်ပါတယ်။

ရူဂါနီဟာ ဂျူဗင်တပ်အသင်းမှာ ပုံမှန်နေရာရဖို့ ကြိုးစားနေရတာလည်းဖြစ်ပါတယ်။ဂျူဗင်တပ်အသင်းက ဘီနာတီယာ၊ ဘာဇာဂလီနီ၊ ချီလီနီ တို့ကိုသာ ခံစစ်မှာ ပွဲထွက်အသုံးပြုနေတာလည်းဖြစ်ပါတယ်။ဂျူဗင်တပ်အသင်းနည်းပြ အယ်လီဂရီ ကတော့ ရူဂါနီကို ကိုပါအီတလီယာဖလား နဲ့ အသင်းငယ်တို့နဲ့ တွေ့ဆုံနေတဲ့ ပွဲတွေမှသာ ပွဲထွက်အခွင့်အရေးပေးခဲ့တာလည်းဖြစ်ပါတယ်။ရူဂါနီ တစ်ယောက် ပုံမှန် ပွဲထွက်ခွင့်ရဖို့ အာဆင်နယ်အသင်းကို နွေရာသီအပြောင်းအရွှေ့မှာ ရောက်သွားမှာလားဆိုတာတော့ စောင့်ကြည့်ရအုံးမယ်ဗျာ။ 

source - mirror football

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။