လက်ရှိပူပြင်းခြောက်သွေ့သော နွေရာသီအချိန်ရောက်ရှိလာပြီဖြစ်သဖြင့် ညောင်ဦးမြို့နယ်အတွင်း မီးဘေးလုံခြုံမှုစိတ်ချရစေရန် ကြိုတင်ပြင်ဆင်မှုများစွာပြုလုပ်နေကြောင်း သိရပါတယ်။ ဒီကနေ့ နံနက်ပိုင်းကမန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် မီးသတ်ဦးစီးဌာန ခရိုင်မီးသတ် ဦးစီးမှူး ဦးသက်နိုင်(လက်ထောက်ညွှန်ကြားရေးမှူး) ဦးဆောင်သော သန္ဓေ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ ပူးပေါင်းအဖွဲ့က မြို့နယ်အတွင်း မီးဘေးလုံခြုံရေးစစ်ဆေးခြင်း၊ အသိပညာပေး ဟောပြောပွဲ များ ပြုလုပ်ခြင်းနှင့် လက်တွေ့မီးငြှိမ်းသတ်နည်း သရုပ်ပြဆောင်ရွက်ခြင်းများကို ပြုလုပ်ဆောင်ရွက်ခဲ့ပါတယ်။ 

ထို့ပြင် ညောင်ဦး - ချောက် ကားလမ်းဘေး၌ ရောင်းချနေသည့် ဧရာပုဂံ ပုဂ္ဂလိက စက်သုံးဆီ အရောင်းဆိုင်သို့ သွားရောက်ပြီး နွေရာသီကာလ မီးဘေးအန္တရာယ်ကင်းဝေးစေရေး ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရပါတယ်။ ယင်းသို့ ကွင်းဆင်းစစ်ဆေးစဉ် အလားတူမီးဘေး အန္တရာယ်ကင်းဝေး စေရေး ကွင်းဆင်းစစ်ဆေးခြင်းကို ညောင်ဦးမြို့နယ် မီးသတ်ဦးစီးဌာန လက်ထောက်မြို့နယ်ဦးစီးမှူး ဦးကျော်တေဇ ဦးဆောင်၍ မီးသတ် တပ်ဖွဲ့ဝင်များမှ ယနေ့နံနက် ၉ နာရီက ညောင်ဦး - မြင်းခြံသွား လမ်းဘေး (ဝဲ ၊ ယာ)ရှိ ပုဂ္ဂလိက စက်သုံးဆီဆိုင်များသို့ သွားရောက်ပြီး ဆီဆိုင် တာဝန်ခံနှင့် ဝန်ထမ်းများအား မီးဘေးလုံခြုံ မှုရှိရေး ကွင်းဆင်းစစ်ဆေးခြင်း၊ မီးငြှိမ်းသတ်နည်း ပညာပေးသရုပ်ပြသခြင်းများကိုလည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရပါတယ်။  

အဆိုပါ ကွင်းဆင်းစစ်ဆေးမှုကို မီးဘေးအန္တရယ်ကြိုတင်ကာကွယ်မှုတစ်ခုအဖြစ် ပြုလုပ်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ဒေသခံပြည်သူများ အသက်အိုးအိမ် စည်းစိမ် ဆုံးရှုံးနစ်နာမှု မရှိစေရန်နှင့် မီးဘေးလုံခြုံစိတ်ချရမှု ရှိစေရန်တို့ကို ရည်ရွယ် ၍ထားကြောင်း ပြောပြခဲ့ပါတယ်။ ပရိသတ်ကြီးအတွက် ဒီကနေ့ပြုလုပ်ခဲ့တဲ့ မီးဘေးကြိုတင်ကာကွယ်ရေး ကွင်းဆင်းစစ်ဆေးမှု ဓာတ်ပုံများနှင့်အတူ မျှဝေပေးလိုက်ပါတယ်။

Source - MOI

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။