ဇလာတန်သည် မစ်ဒယ်ဘရော့နှင့် ပွဲစဉ်၌ ဂိုးသွင်းယူနိုင်ခဲ့ပါက ၂၀၁၆ ခုနှစ်အတွင်း ဂိုးအများဆုံးသွင်းယူနိုင်သည့် ကစားသမား အဖြစ် ရပ်တည်နိုင်မည် ဖြစ်သည်။

ဂိုး ၅၀ သွင်းယူထားသော ဇလာတန်သည် မစ်ဒယ်ဘရော့နှင့် ပွဲစဉ်တွင် သွင်းဂိုး တစ်ဂိုး သွင်းယူနိုင်ခဲ့သော်လည်း ကွင်းလယ်ဒိုင်လီမာဆန်က ခွင့်မပြုခဲ့ပေ။ အဆိုပါဂိုးအား ခွင့်ပြုခဲ့ပါက ဇလာတန်သည် သွင်း ၅၁ ဂိုးဖြင့် မက်ဆီနှင့်အတူ ၂၀၁၆ ခုနှစ်တွင် သွင်းဂိုး အများဆုံး ကစားသမား အဖြစ် ပူးတွဲရပ်တည်နိုင်မည်ဖြစ်သည်။

ကွင်းလယ်ဒိုင်၏ဆုံးဖြတ်ချက်နှင့်ပတ်သက်ပြီး ဒိုင်ဟောင်း ဟောင်းဝက်ဒ်က မာဆန်၏ ဆုံးဖြတ်ချက်ကို - " ရူးလွန်းတဲ့ဆုံးဖြတ်ချက်ပါ၊ ဇလာတန်ဟာ ဂိုးသမားနဲ့ ၂ မီတာကွာ အတွင်းမှာ ခြေထောက်မြှောက်ခဲ့တာ မဟုတ်ဘူး၊ ဂိုးသမားနဲ့ ယှဉ်လုတာမျိုးဆိုရင်တော့ ဇလာတန်ရဲ့ ခြေထောက်မြောက်ပုံက ခွင့်မပြုသင့်ဘူး၊ ဒါပေမယ့်လည်း ဂိုးသမားက ခြေထောက်အကျမှာ ဝင်လာတာ၊ ခွင့်ပြုရမယ့်ဂိုးပါ" ဟုသုံးသပ်ခဲ့သည်။

မော်ရင်ညိုက - " လီမာဆန်ဟာ သူ့ဆုံးဖြတ်ချက်မှားတယ်လို့ သိရတဲ့ အချိန် သူ့ကိုယ်သူ စိတ်ပျက်နေပါလိမ့်မယ်၊ ဒါပေမယ့် ဇလာတန်ကတော့ မက်ဆီနဲ့အတူ ၂၀၁၆ ရဲ့ အ့ံဖွယ် ကစားသမား အဖြစ်နဲ့ရပ်တည်ခွင့် ရမယ့် အခွင့်အရေး ဆုံးရှုံးသွားတယ်၊ ကိုယ်ချင်းစာပါတယ်" ဟုပြောကြားသွားခဲ့သည်။

# ၂၀၁၆ ခုနှစ်ရဲ့ သွင်းဂိုးအများဆုံး ကစားသမားစာရင်း

၁) မက်ဆီ (ဘာကာ) ၅၁ ဂိုး

၂) ဇလာတန် (မန်ယူ) ၅၀ ဂိုး

၃) ဆွာရက်ဇ် (ဘာကာ) ၄၈ ဂိုး

၄) စီရော်နယ်ဒို (ရီးရဲလ်) ၄၂ ဂိုး

၅) လီဝမ်ဒေါ့စကီး (ဘိုင်ယန်) ၃၉ ဂိုး

#AZL

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။