ငှက်ပျောသီးက များသောအားဖြင့်တော့ ရာသီပေါ် အသီးမျိုးမဟုတ်ဘဲ အချိန်မရွေး စားသုံးလို့ ရနိုင်တဲ့ အသီးတစ်မျိုးပဲ ဖြစ်ပါတယ်။ ငှက်ပျော်သီးကို စားပြီးရင်လည်း လူတိုင်းနီးပါးကတော့ ငှက်ပျောခွံကို လွှင့်ပစ်တတ်ကြပါတယ်။ ဒါ့ကြောင့် အခု ဖော်ပြမယ့် အကြောင်းအရာကတော့ ငှက်ပျော်ခွံကို ဘယ်လိုနေရာတွေမှာ အကျိုးရှိရှိ ပြန်လည် အသုံးချနည်းများပဲ ဖြစ်ပါတယ်။  

(၁) မြေသြဇာ အဖြစ် အသုံးပြုခြင်း

ငှက်ပျောသီး အခွံကို အစိတ်အသေးသေးလေးများ စိပ်ခြမ်းပြီး ပန်းအိုးအောက်ခြေသို့ ထည့်ပါ။ ထို့နောက် မြေကြီးများ ထပ်ဖြည့်ပြီးနောက် စိုက်ပျိုးပါက အပင်များ စိမ်းလန်းပြီး ကောင်းမွန်စွာ ရှင်သန်နိုင်မှာပဲ ဖြစ်ပါတယ်။

(၂) မြေသြဇာ အရည်အဖြစ် အသုံးပြုခြင်း

ငှက်ပျော်ခွံကို ရေနှင့် ရော၍ ၂ ရက်ခန့် ထားပြီးနောက် အပင်များ လောင်းရန် အတွက် မြေသြဇာ ပက်ဖျန်းတဲ့ အရည်အဖြစ်လည်း အသုံးပြုနိုင်ပါတယ်။

(၃) ပိုးသတ်ဆေးရည် အဖြစ် အသုံးပြုခြင်း

ငှက်ပျော်သီးခွံ၊ ကြက်ဥ ခွံ၊ ဆား နှင့် ရေ အနည်းငယ်တို့ကို ရောစပ်ပြီး ဆေးဖော်စပ်ခြင်း ဖြစ်ပါတယ်။ ငှက်ပျောသီးခွံနှင့် ကြက်ဥခွံတို့ကို အခြောက်ခံပါ။ ထို့နောက် အားလုံးကို ပေါင်းကြိတ်ပါ။ ထိုအနှစ်ထဲသို့ ဆားနှင့် ရေတို့ကို ရောစပ်ပြီး ပိုးသတ်ဆေးရည်၊ အပင်များအတွက် အထောက်အပံ့ပေးသော ဆေးရည် အဖြစ် အသုံးပြုနိုင်ပါတယ်။

(၄) တရိစ္ဆာန် အစာအဖြစ် အသုံးပြုခြင်း

ကြက်၊ ယုန် နှင့် ဝက်တို့အတွက် အစားအစာ အဖြစ် ကျွေးနိုင်ပါတယ်။ သူတို့ ပုံမှန် စားသုံးနေသော အစားအစာနှင့် တွဲဖက်ပြီးတော့လည်း ကျွေးမွေးနိုင်ပါတယ်။

(၅) အလှအပရေးရာအတွက် အသုံးပြုခြင်း

မျက်နှာကို မျက်နှာသစ်ဆေးနှင့် ပြောင်စင်အောင် သစ်ပါ။ ထို့နောက် ငှက်ပျောသီးအခွံဖြင့် မျက်နှာ အရေပြားပေါ် ၃ မိနစ်ခန့် သေချာစွာ ပွတ်တိုက်ပေးပါ။ ထို့နောက် ရိုးရိုးရေဖြင့် မျက်နှာ ပြန်သစ်ပေးပါ။ မျက်နှာ အသားအရေ ချောမွေ့ခြင်းကို ရရှိပိုင်ဆိုင်နိုင်ပါလိမ့်မယ်။

ဖော်ပြပါ အကြောင်းအရာများကို သိရှိပြီးနောက်မှာတော့ ဗဟုသုတများ တိုးပွားကြမယ်လို့ ယုံကြည်မိပါတယ်။ အားလုံးပဲ စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာနှင့် သာယာပျော်ရွှင်သော နေ့ရက်လေးကို ပိုင်ဆိုင်နိုင်ကြပါစေရှင်။

သတင်းအရင်းအမြစ် - YouTube

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။