ခြေထောက်နှင့် ခြေမျက်စေ့တွင် ဖြစ်တတ်ပြီး၊ သွေးကြောအဆို့ရှင်အား နည်းခြင်းကြောင့်ဖြစ်ပေါ် လာရခြင်းဖြစ်ပါတယ်။ လှုပ်ရှားမှု့နည်းသူများ၊ အဝလွန်သူများ၊ သက်ကြီးရွယ်အိုများ၊ ကိုယ် ဝန်ဆောင်အမျိုး သမီးများ အဖြစ်များပါတယ်။ ခြေထောက်ရောင်လာခြင်း၊ သွေးကြောများယားယံလာခြင်း၊ အရေပြား အရောင်ပြောင်လဲခြင်း များ ဖြစ်လာပါတယ်။ အနည်းငယ်အကြောထုံးခြင်းက မစိုးရိမ်းရပေမဲ့ ဆိုးရွားလာ ရင်တော့စစ်ဆေးမှု့တွေလုပ်သင့်ပါတယ်။ ရောဂါအပေါ်မှုတည်ပြီးတော့လည်း လေဆာပစ် ကုသခြင်း၊ ဓာတ်ရောင်ခြည်ဖြင့်ကုသ ခြင်း၊ခွဲစိတ်ကုသခြင်းတို့ဖြင့် ပျေက်ကင်းအောင်လုပ်နိုင်ပါတယ်။

သွေးလည်ပတ်မှု့ကောင်းခြင်းဟာ အကြောထုံးဝေဒ နာကိုမဖြစ်စေပါဘူး။ သွေးလည်ပတ်မှု့ကောင်းစေဖို့ အပြေးလေ့ကျင့်ခန်းလေးပုံမှန်လုပ်ပေးပါ။ ရေကူခြင်း၊ စက်ဘီးစီး ခြင်း၊ တို့ကိုပြုလုပ်ပေးနို်င်ပါတယ်။ အများကြီးလေ့ကျင့်ခန်းတွေ လုပ်စရာမလိုပါဘူးနော်။တစ်နေ့ကို နာရီဝက်လုပ်ပေး ရင်လည်းရပါတယ်။ ဝန်ထမ်းတွေအနေနဲ့ အရောင်းပြခန်းတွေမှာ ရပ်နေရတာများလာတဲ့အခါလည်းအကြောထုံးတာဖြစ်လာနိုင် ပါတယ်။ ခုံပေါ်အကြာကြီးထိုင်အလုပ်လုပ်ခြင်း၊ ကွန်ပျူတာအကြည့် များခြင်း၊ခြေနှစ်ချောင်းကို ချိပ်ထိုင် ခြင်းတို့သည်လည်း အကြောထုံးဝေဒနာဖြစ်ပေါ်စေတဲ့ အလေ့အထ တွေဖြစ်ပါ တယ်။ 

နောက်တစ်ခုက ထောက်မြင့် ဖိနပ်စီးပြီး ခရီးဝေးသွားခြင်း၊ မတ်တပ်ရပ်ခြင်းတို့ကလည်းသွေးကြော ပိတ်ဆို့မှု့ ဖြစ်ပေါ်စေပါတယ် ။ဖိနပ်ကျပ်ကျပ်စီး ခြင်းကလည်း သွေးကြောထုံးတဲ့ ပြသနာဖြစ်ပေါ်စေပါတယ်။ အမျိုးသားတွေအနေနဲ့ အရက်သောက်ခြင်းကိုရှောင်ကြည်ပါ။ ပင်လယ်စာများများစားပေးပါ။ ပဲပိစပ်၊ ကြက်သွန်နီ ဂျင်းတို့ကလည်း သွေးလည်ပတ်မှု့ကိုကောင်းစွာအထောက်အကူပြုနိုင်ပါတယ်။သစ်သီးဝ လံတွေအနေနဲ့ နာနတ်သီး၊ ချယ်ရီသီး၊ဘယ်ရီသီး၊ တွေဟာအကြောထုံးခြင်းကိုကာကွယ်ပေးမဲ့ အကောင်း ဆုံးသစ်သီးတွေ ဖြစ်ပါတယ်။ ဝမ်းချုပ် ခြင်းကလည်းဆက်နွယ်နေတမို့ အမျှင်ဓာတ်ပါတာကိုများများ စားပေးပါ။

Source : ကြေးမုံ

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။