ကျန်းမာရေးအတွက်ရော အလှအပ ရေးရာ အတွက်ပါ သင့်တော်လှတဲ့ ဖျော်ရည်တစ်ခွက်ကို ညွှန်းပါဆိုရင် ဂျင်းနဲ့ မုန်လာဥနီဖျော်ရည်ပဲ ဖြစ်ပါတယ်။ ဒီဖျော်ရည်ကို နေ့စဉ်ပုံမှန် သောက်ပေးခြင်းဖြင့် များစွာသော ကျန်းမာရေး ကောင်းကျိုးများကို ရရှိပိုင်ဆိုင်စေမှာပဲဖြစ်ပါတယ်။ အသိသာဆုံး အချက်ကတော့ ရာသီအကူးအပြောင်းတိုင်းမှာ ဖြစ်လေ့ဖြစ်ထ ရှိတဲ့ ရောဂါများမှ ကင်းဝေးစေပြီး ခုခံအားစနစ်ကို တိုးမြှင့်စေနိုင်မှာပဲ ဖြစ်ပါတယ်။ ထို့အပြင် ခန္ဓာကိုယ် အသားအရေများ ကြည်လင် ဝင်းပစေပြီး ဆံပင်၊ လက်သည်း၊ ခြေသည်း၊ မျက်နှာအရေပြား နှင့် ခန္ဓာကိုယ် အရေပြားအတွက်ပါ သိသာထင်ရှားသော ကောင်းမွန်သော ရလာဒ်များကို ရရှိပိုင်ဆိုင်စေမှာပဲဖြစ်ပါတယ်။

ဒါ့ကြောင့် မနက်တိုင်း သောက်သုံးသင့်တဲ့ ဖျော်ရည်တစ်ခွက်ကို ဘယ်လို ဖျော်စပ်ရမလဲ ဆိုတဲ့ နည်းလမ်း အဆင့်ဆင့်ကိုပါ ဖော်ပြလိုက်ပါတယ်။

လိုအပ်သော ပစ္စည်းများ

- မုန်လာဥနီ ၄ လုံး မှ ၅ လုံး

- ဂျင်း တစ်မွှာရဲ့ တစ်ဝက်

- သံပရာသီး တစ်ခြမ်း

- ဆား (အနည်းငယ်)

- သစ်ကြံပိုးခေါက် အမှုန့် (အနည်းငယ်)

ပြုလုပ်ပုံအဆင့်ဆင့်

- မုန်လာဥနီကို အခွံခွားပြီးနောက် ရေပြောင်အောင် ဆေးပြီး အခြောက်ခံထားပါ။

- ဂျင်းကိုလည်း အခွံခွာပြီးနောက် ရေဆေးထားပါ။

- ထို ဂျင်းနှင့် မုန်လာဥနီအား ဖျော်စက်ထဲသို့ ထည့်ကြိတ်ပါ။

- ရရှိလာသော ဖျော်ရည်အနှစ်ထဲသို့ သံပရာသီး တစ်ခြမ်း အရည် ညှစ်ထည့်ပါ။

- ထို့နောက် ဆားအနည်းငယ်နှင့် သစ်ကြံပိုးခေါက် မှုန့်တို့ကို ဖြူးလိုက်ပါ။

အခုဆိုရင်တော့ ကျန်းမာရေးအတွက် အထူး သင့်တော် ကောင်းမွန်လှသော ဖျော်ရည်တစ်ခွက်ကို ရရှိပြီပဲ ဖြစ်ပါတယ်။

သတင်းအရင်းအမြစ် - top10 home remedies

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။