နာမည်ကျော် ဘောလုံးသမား အောင်သူနဲ့ မင်းသမီး ပိုးအိအိခန့်တို့ ချစ်သူမောင်နှံဟာ ပရိသတ်တွေကြား စိတ်ဝင်စားမှုရရှိထားတဲ့ ချစ်သူစုံတွဲ တစ်တွဲဖြစ်ပါတယ်။ နယ်ပယ်မတူပေမဲ့ အောင်မြင်ကျော်ကြာသူနှစ်ဦးဖြစ်တဲ့အတွက် သူတို့နှစ်ဦးရဲ့ relationship ကတော့ ဝေဖန်တိုက်ခိုက်မှုတွေလည်း ရှိနေတာတွေ့ရပါတယ်။ ဝေဖန်တိုက်ခိုက်မှုတွေနဲ့ပတ်သတ်လို့ မင်းသမီး ပိုးအိအိခန့်ကတော့ သူမရဲ့ လူမှုစာမျက်နှာထက်မှာ ယခုလိုရေးသားထားတာ တွေ့ရပါတယ်။ 

"ကျွန်မ

အောင်မြင်မှုလည်း မမက်ဘူး

နာမည် ဂုဏ်သတင်းလည်း မမက်ဘူး

ငွေလည်း မမက်ဘူး

ကျွန်မ မက်တဲ့အောင်မြင်မှုက

ကျွန်မ အရည်အချင်းနဲ့ ကြိုးစားပြီးမှ ရလာမယ့် အောင်မြင်မှုပဲ မက်တယ်

ကျွန်မ ကောင်းအောင်နေတယ် ကောင်းတာပြောတယ်

ကောင်းတာပဲလုပ်တယ်

အဲ့လိုကျွန်မ ပြုမူလိုက်တဲ့အရာတွေကနေကမှ ရလာတဲ့ နာမည် ဂုဏ်သတင်းကိုပဲ ကျွန်မမက်တယ်

ကျွန်မ ချွေး နဖူးကနေ ခြေမ ကျမှ ရလာတဲ့ ကျွန်မ ရဲ့ ချွေးနဲစာ ငွေကိုပဲ ကျွန်မ မက်တယ်

သူ တစ်ဦးတစ်ယောက်ရဲ့ ငွေ၊ ကျော်ဇောမှု ၊ ဂုဏ်သတင်း ကျွန်မ မမက်ဘူး

မက်လည်း မမက်ခဲ့ဘူး

ရှေ့လျှောက်လည်း မက်မှာ မဟုတ်ဘူး...........

ဘဝဆိုတာ တိုတိုလေးပါ

ဘာတွေ ဘယ်လောက်မက်မက်

စည်းစိမ်တွေ ဘယ်လောက်ပေါပေါ

နာမည်တွေ ဘယ်လောက်ကြီးကြီး

မနက်ဖြန်လား သဘက်ခါလား မသိတဲ့ သေခြင်းတရားက ရောက်လာရင် အဲ့ဒီအရာတွေ ထားခဲ့ရမယ်ဆိုတာ ကျွန်မ စိတ်ထဲမှာ အမြဲတွေးထားတဲ့ အတွက်

ရှင်သန်နေသေးတဲ့ အချိန် ခဏမှာ ကျွန်မ တကယ် တပ်မက်တာ စိတ်ချမ်းသာမှု အစစ်ပါ..........

#peek" ဆိုပြီး ရေးသားထားတာ တွေ့ရပါတယ်။

သူမရဲ့ ပရိသတ်တွေကတော့ ဝေဖန်တိုက်ခိုက်မှုတွေကို လျစ်လျူရှုထားဖို့ အားပေးစကားဆိုထားကြတာလေးတွေကိုလည်း တွေ့ရပါတယ်။ သူတို့နှစ်ဦးရဲ့ ချစ်သူသက်တမ်းကတော့ ရက် (၁၀၀) ကျော်သွားပြီဖြစ်ကြောင်းလည်း အောင်သူရဲ့ လူမှုစာမျက်နှာကတဆင့် သိရပါတယ် ပရိသတ်ကြီးရေ.....

Photo Source : Aung Thu & Poe Ei Ei Khant

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။