ရန်ကုန်၊ ဇန်နဝါရီ ၁

၃၁.၁၂.၂၀၁၆ ရက်နေ့ ၁၉၃၀ အချိန်ခန့်တွင် တာမွေမြို့နယ်နေ မ-----သည်

နေအိမ်၌ရှိနေစဉ် ၎င်းအလုပ်လုပ်ကိုင်သည့် ဗဟန်းမြို့နယ်၊ ကမ္ဘာအေးဘုရား

လမ်း၊ Excel Tower(၆)လွှာရှိ Royal Treasure တည်းခိုးခန်းအခန်းအမှတ်

6-C မှ ၀န်ထမ်းဖြစ်သူ မစန္ဒာ(ခ)စန်းရတနာဦး၊ (၂၁)နှစ်ကို ကြည့်မြင်တိုင်

မြို့နယ်၊ ပန်းလှိုင်ရပ်ကွက်နေ ရဲဝင်း၊ (၂၆)နှစ်မှ ဓားဖြင့်ထိုးပြီး ၎င်းကိုယ်တိုင်

လည်း မိမိကိုုယ်ကိုဓားဖြင့်ထိုးကာ သေဆုံးနေကြောင်းသိရှိရသဖြင့် ဗဟန်း

မြို့မရဲစခန်းသို့တိုင်တန်းခဲ့ရာ (ပ)၄၀၁/၂၀၁၆၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့်

အမှုဖွင့်ကာ စုံစမ်းစစ်ဆေးဆောင်ရွက်ခဲ့ပါသည်။

ဖြစ်စဉ်အား ဗဟန်းမြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များက သွားရောက်ကြည့်ရှု

စစ်ဆေးရာ Excel Tower ၆လွှာ ရှိ အခန်းအမှတ် 6-C တွင် မစန္ဒာဦး(ခ)

စန်းရတနာဦးမှာ ယာပါးပြတ်ရှဒဏ်ရာ ၂ ချက်၊ နဖူးပြတ်ရှဒဏ်ရာ(၁)ချက်၊

ယာလက်ကောက်ဝတ်ပြတ်ရှဒဏ်ရာ(၁)ချက်၊ ၀ဲလက်ဖျံပြတ်ရှဒဏ်ရာ

(၁)ချက်၊ ၀မ်းဗိုက်ထိုးသွင်းဒဏ်ရာ(၁)ချက်၊ ယာရင်အုံထိုးသွင်းဒဏ်ရာ

(၆)ချက်၊ ၀ဲရင်အုံထိုးသွင်းဒဏ်ရာ(၇)ချက်၊ ယာခါးစောင်းထိုးသွင်းဒဏ်ရာ

(၁)ချက်၊ ၀ဲ/ယာပုခုံးပြတ်ရှဒဏ်ရာ (၂)ချက်တို့ဖြင့်လည်းကောင်း၊ ရဲဝင်းတွင်

၀ဲရင်အုံထိုးသွင်းဒဏ်ရာ(၆)ချက်၊ ယာရင်အုံထိုးသွင်းဒဏ်ရာ(၁)ချက်တို့ဖြင့််

လဲကျသေဆုံးနေသည်ကို တွေ့ရှိရပြီး ရဲဝင်း၏ယာဘက်လက်အတွင်းမှ

အရိုးအသွား(၉)လက်မခန့်ရှိ ကော်ရိုးတပ် ဓားဦးချွန်(၁)ချောင်းအား စစ်ဆေး

တွေ့ရှိရပါသည်။

အခင်းဖြစ်ရပ်တွင် ရဲဝင်းကိုင်ဆောင်သော ဖုန်းအမှတ် ၀၉၇၉၇၈၈၆၇၂၂ နှင့်

၀၉၄၂၀၀၉၉၁၈ နံပါတ်များပါ Vivo အမျိုးအစား အဖြူရောင်လက်ကိုင်ဖုန်း

အတွင်း သေဆုံးသူ ရဲဝင်းနှင့် မစန္ဒာ(ခ)ရတနာဦးတို့(၂)ဦး အခင်းမဖြစ်ပွားခင်

ပြောဆိုထားသော အသံဖမ်းထားသည့် ၃၅ မိနစ်နှင့် ၂၄ စက္ကန့်ကြာ အသံဖိုင်

အားစစ်ဆေးရာ ရဲဝင်းအား မစန္ဒာ(ခ)စန်းရတနာဦးမှ အဆက်အသွယ်ဖြတ်

သည့်ကိစ္စဖြင့် မကျေမနပ်ဖြစ်ကာ ရဲဝင်းမှ “အတ္တကြီးတာ နင့်ကိုငါချစ်လို့၊

မင်းငါ့ကိုထားမသွားပါနဲ့လို့ မင်းအရင်က ပြောဖူးတယ်နော်၊ ငါဘယ်တော့မှ

မထားဘူးလို့ကတိပေးခဲ့တယ်၊ ထားသွားရင်လည်း ဘာလုပ်မလဲဆိုတာ

မိန်းမသိတယ်နော်၊ မိန်းမလည်း ကိုယ့်ကိုပြောခဲ့ပါတယ်၊ လွယ်လွယ်နဲ့လမ်းခွဲ

ပေးမယ်ထင်လား၊ နင့်ကိုငါမခွဲနိုင်ဘူး၊ နင့်ကိုချစ်ခဲ့တာ ဒီလိုမဟုတ်ဘူး”ဟု

ပြောဆိုကာ ရဲဝင်းမှ ဓားဖြင့်ထိုး၍ သေဆုံးသူ မစန္ဒာ(ခ)မစန်းရတနာဦး၏

အော်ဟစ်သည့်အသံများပါရှိသော အသံဖိုင်ပါလက်ကိုင်ဖုန်းအား သက်သေ

များရှေ့ သိမ်းဆည်းခဲ့ကြောင်းနှင့် ၎င်းတို့(၂)ဦး အခန်းအတွင်း အော်ဟစ်

သံများကြား၍ သွားရောက်ကြည့်ရှုသော မဇင်မာ(ခ)မမာလာ၊ (၂၈)နှစ်၊

အေးသန္တာအောင်(ခ)စနိုး၊ (၁၉)နှစ်၊ မသန်းသန်းဝင်း၊ (၂၂)နှစ်တို့သည်

ရဲဝင်းမှ မစန္ဒာ(ခ)မစန်းရတနာဦးအား ဓားဖြင့်ထိုးပြီး ၎င်းကိုယ်တိုင်လည်း

ပြန်ထိုးနေသည်ကိုတွေ့မြင်ခဲ့ကြောင်း ပြောပြသိရှိရပါသည်။

အမှုမှ သိမ်းဆည်းရမိသော အသံဖိုင်နှင့် မျက်မြင်သက်သေများ၏တွေ့ရှိချက်

များအရ ဖြစ်စဉ်မှာမှန်ကန်ပြီး မစန္ဒာ(ခ)စန်းရတနာဦးအားသတ်သူ ရဲဝင်းအား

ဗဟန်းမြို့မရဲစခန်း၌ ပုဒ်မ-၃၀၂ ဖြင့်လည်းကောင်း၊ မိမိကိုယ်ကို သတ်သေခဲ့

သဖြင့် သေမှုသေခင်းရေးဖွင့်၍လည်းကောင်း အမှုဖွင့်အရေးယူ ဆောင်ရွက်ထားရှိကြောင်း သတင်းရရှိပါသည်

#SueSue@Yangon Police

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။