မန်စီးတီးအသင်းဟာ လက်စတာအသင်းရဲ့ တောင်ပံကစားသမား မာရက်ဇ်ကို ခေါ်ယူဖို့ အလိုရှိနေတာလည်းဖြစ်ပါတယ်။ပြီးခဲ့တဲ့ ဆောင်းရာသီအပြောင်းအရွှေ့ကာလက မန်စီးတီးအသင်းဟာ မာရက်ဇ်ကိုခေါ်ယူဖို့ ကမ်းလှမ်းခဲ့ပေမယ့် လက်စတာအသင်းက ပယ်ချခဲ့တာကြောင့် အပြောင်းအရွှေ့ဟာဖြစ်ပေါ်လာခဲ့ခြင်းမရှိတာလည်းဖြစ်ပါတယ်။

ဒါကြောင့် လာမယ့် နွေရာသီအပြောင်းအရွှေ့မှာ မန်စီးတီးအသင်းနည်းပြ ဂါွဒိယိုလာဟာ မာရက်ဇ်ကို ခေါ်ယူဖို့ ပြန်လည်ကြိုးစားသွားဖို့ရှိနေတာဖြစ်ပါတယ်။မာရက်ဇ်ကို လက်စတာအသင်းက လက်မလွှတ်ချင်ပေမယ့် ကစားသမားကိုယ်တိုင်က မန်စီးတီးအသင်းကို ပြောင်းရွှေ့ကစားလိုနေတာလည်းဖြစ်ပါတယ်။အသက် ၂၇ နှစ်အရွယ်ရှိပြီဖြစ်တဲ့ မာရက်ဇ်ဟာ လက်စတာအသင်းနဲ့ စာချူပ်သက်တမ်း ၂ နှစ်ကျန်ရှိနေသေးတာလည်းဖြစ်ပါတယ်။

လက်ရှိမှာ မာရက်ဇ်က အနာဂတ်နဲ့ ပတ်သတ်ပြီး "အသင်းမှာ ဆက်နေမလား ဒါမှမဟုတ် အသင်းကနေထွက်ခွာသွားမှာလားဆိုတာ ကျွန်တော် ခုချိန်မှာ မပြောနိုင်သေးပါဘူး။နွေရာသီအပြောင်းအရွှေ့ကာလမှ တစ်ချို့အရာတွေက သိနိုင်မှာပါ။ဒါပေမယ့် လက်ရှိမှာ ကျွန်တော်ဟာ လက်စတာအသင်းရဲ့ ကစားသမားတစ်ယောက်ပါ။ဒီမှာရှိနေရတာ တကယ့်ကိုကောင်းပါတယ် " လို့ဖွင့်ဟပြောခဲ့တာလည်းဖြစ်ပါတယ်။ 

source - mirror football

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။