သီချင်းသံချိုချိုလေးနဲ့ နာမည်ကြီးလာတဲ့ အဆိုတော်ဆလီနာဂိုးမက်ဇ် တစ်ယောက်ကတော့ ဖက်ရှင်နဲ့ပတ်သက်ရင် စွဲမက်ဖွယ်ကောင်းအောင် ဝတ်ဆင်တတ်သူဖြစ်ပါတယ်။

ချစ်စရာကောင်းတဲ့မျက်နှာလေးပိုင်ဆိုင်ထားတဲ့ ဆလီနာဟာ ဧပြီလ(၁၉) ရက်နေ့က အမေရိကန်နိုင်ငံ လော့အင်ဂျလိစ်မြို့မှာ ပြုလုပ်တဲ့ လူငယ်စုဝေးပွဲဖြစ်တဲ့ WE Day ပွဲကို အနက်ရောင်ဝတ်စုံလေးဝတ်ကာ ဖက်ရှင်ကျကျ တက်ရောက်ခဲ့ပါတယ်။

ဆင်းရဲနွမ်းပါးသူတွေနဲ့ ကလေးသူငယ်အခွင့်အရေးထောက်ခံလှုပ်ရှားမှုတွေကိုအခြေပြုဖွဲ့စည်းထားတဲ့ WE Charity ပွဲကို ထိပ်တန်းဆယ်လီတွေနဲ့ လူငယ်တွေတက်ရောက်လေ့ရှိပါတယ်။

ဆလီနာတစ်ယောက်လည်း နှစ်စဉ်တက်ရောက်လေ့ရှိပြီး ဒီနှစ်မှာလည်း မပျက်မကွက်ပဲ တက်ရောက်ခဲ့ပါတယ်။

ဒီပွဲနဲ့ပတ်သက်ပြီး ABC ရုပ်သံလိုင်းမှာ လာမယ့် သြဂုတ်လမှာ ထုတ်လွှင့်ပေးမှာဖြစ်တယ်လို့သိရပါတယ်။

လူးပတ်ရောဂါခံစားနေရတဲ့ ဆလီနာဟာ ပရဟိတတွေလုပ်လေ့ရှိပြီး စိတ်ထားကောင်းတဲ့သူလေးမို့ သူမကတော့ မပါမဖြစ်ပါပဲ။ အဆိုတော် ဘီဘာနဲ့ လမ်းခွဲပြီးနောက် သူငယ်ချင်းတွေ ၊ ပရိသတ်တွေနဲ့ ပျော်ပျော်နေလေ့ရှိတဲ့ ဆလီနာကတော့ လှပြီးရင်းလှပါပဲ။ 

Source :Justjared

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။