နာမည်ကျော်အဆိုတော်သရုပ်ဆောင်တစ်ဦးဖြစ်တဲ့ နန်းဆုရတီစိုုးတစ်ယောက် သူမရဲ့ သူငယ် ချင်းတွေနဲ့အတူ Shooting အပြီးမှာ တွေ့ဆုံခဲ့တာပဲ ဖြစ်ပါတယ်။ မော်ဒယ်နွယ်ဒါလီထွန်းနဲ့ အတူ ရိုက်ကူးထားတဲ့ သူမတို့ရဲ့ချစ်စဖွယ်ပုံရိပ်လေးတွေက တကယ်ကိုအသည်းယားချင် စဖွယ်လေးပါပဲ။ ပရိတ်သတ်တွေ ချစ်တဲ့ သူမရဲ့အပြုံးချိုချိုလေးတွေကတော့ ပုံရိပ် တိုင်းမှာ အမြဲတမ်းပါနေကျပဲဖြစ်ပါတယ်။ ပြီးခဲ့တဲ့ နှစ်ဆန်းတစ်ရက်နေ့က ဇလွန်မြို့က ဧမြဒီပါ ရွှေစေတီဘုရားမှာ သူမက တံခွန်တိုင်စိုက်ထူလှူဒါန်းခဲ့ပါသေးတယ်။

အောင်မြင်တဲ့အဆိုတော်သရုပ်ဆောင်တစ်ဦးအဖြစ်နဲ့ အနုပညာနဲ့ ဂီတလမ်းကြောင်း နှစ်ခု လုံးပေါ်မှာ ရပ်တည်လာခဲ့တာ အခုဆိုရင်အချိန် အတော်ကြာခဲ့ပြီပဲဖြစ်ပါတယ်။ ပရိတ်သတ် တွေရဲ့အချစ်တွေကို ယနေ့ထက်တိုင် လျော့ပါးမသွားပဲ ပိုပိုတိုးလို့ရရှိလာတာပဲဖြစ်ပါတယ်။ သူမရဲ့ ချစ်သူ အဆိုတော် G-Fatt ဟာလည်း သူမကိုသိပ်ချစ်ပြီး ဂရုစိုက်တာမို့ ပရိတ်သတ် တွေအားကျရတဲ့ ဆယ်လီစုံတွဲတစ်တွဲဖြစ်လို့နေပါတယ်။

သူမရဲ့ကြည်နူးဖွယ်အချိန်လေးတွေကို " Shooting ပြီးတာနဲ့ အချစ်တွေနဲ့ အေးအေးဆေးဆေး chatting time " ဆိုပြီးတင်ထားတာဖြစ်ပါတယ်။ ရှပ်အင်္ကျ ီအစင်းလေးနဲ့ အလှကြီးလှ နေတဲ့ နန်းဆုရဲ့ပုံရိပ်လေးတွေက တကယ်ကိုချစ်ဖို့ကောင်းလွန်းပါတယ် ပရိတ်သတ်ကြီးရေ။ အသက်တွေ တဖြည်းဖြည်းရလာပေမယ့် သူမက ငယ်စဉ်တုန်းကအတိုင်းပဲ နုပျိုနေတုန်းပါပဲ။ လှလွန်းသူလေး နန်းဆုရဲ့ ပုံရိပ်တွေကို ပရိတ်သတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ်။

Photo - Nansu Yati Soe's FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။