နာမည်ကျော် သရုပ်ဆောင် အေးဝတ်ရည်သောင်း ၊ နှင်းဝတ်ရည်သောင်း တို့ရဲ့ ညီမလေး ဆွိဝတ်ရည်သောင်း တစ်ယောက် အပန်းဖြေခရီးတွေ ထွက်ရင်း လှပတဲ့ ဓါတ်ပုံလေးတွေကို သူမရဲ့ Facebook ပေါ်ကနေမျှဝေခဲ့ပါတယ်။ လတ်တလောသိရတဲ့သတင်းများအရ ဆွိဝတ်ရည်သောင်း တစ်ယောက် အမဖြစ်သူ နှစ်ယောက်နဲ့အတူ ပုဂံကို ရောက်ရှိနေပါတယ်တဲ့။ 

အခုတင်ထားတဲ့ ပုံလေးတွေက မေမြို့မှာရောက်ရှိနေတဲ့ အချိန် မှာ ရိုက်ကူးထားတာဖြစ်ပါတယ် ။ ငယ်ရွယ်နုပျိုလှပတဲ့ ဆွိဝတ်ရည်သောင်းလေး က ပန်းမြို့တော်နဲ့ အလှချင်းပြိုင်နေတာကို မြင်တွေ့ရမှာပါ။  

သီးစုံ FM စီးရီး နဲ့ ပရိသတ် ရင်ထဲရောက်ခဲ့တယ် ဆွိဝတ်ရည်သောင်းတစ်ယောက် ဂီတသံစဉ်တွေကို ခရီးသွားရင်း ရှာဖွေနေသလားပါဘဲ ။

အစ်မဖြစ်သူတွေ နဲ့ အပြိုင်ကြဲမယ့် ဆွိ ရဲ့ အနုပညာခရီးဖြောင့်ဖြူးစေကြောင်းဆုတောင်းပေးကြပါဦးနော်။

Source - Sweetwutt Yi Thaung (Acoustic Poee)

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။