"ရည်စားထပ်မထားတော့ပါဘူးဗျာ" ဆိုတဲ့ ရဲရင့်အောင်
အခုလတ်တလော ပရိသတ်တွေကြားရေပန်းအစားဆုံးသတင်းကတော့ အဆိုတော် ရဲရင့်အောင် နှင့် သဥ္ဇာနွယ်ဝင်းတို့ရဲ့ သတင်းတွေပဲဖြစ်ပါတယ်။ ပရိသတ်တွေရဲ့ ဝေဖန်မှုများအရ သဥ္ဇာနွယ်ဝင်းဟာ ငွေနောက်လိုက်ပြီး ရဲရင့်အောင်ကို ထားခဲ့ပါတယ်ဆိုတဲ့ စကားတွေထွက်ပေါ်လာပြီး ပရိသတ်တွေကတော့ ရဲရင့်အောင်ကို သနားနေကြပါတယ်။ အချို့ကလည်း ရဲရင့်အောင် ဝဋ်လည်တာလို့ပြောနေကြပါတယ်။ ဒါပေမဲ့ ရဲရင့်အောင်တစ်ယောက် တကယ်ခံစားပြီး အသည်းကွဲနေတယ်ဆိုတာကိုတော့ သူ့ရဲ့စကားသံတွေက ဖော်ပြနေခဲ့ပါတယ်…………
"ကျွန်တော်အစစအရာရာ အဆင်ပြေပါတယ် ကျွန်တော့်အတွက် စိတ်မပူပါနဲ့လို့ ပရိသတ်တွေကိုပြောချင်ပါတယ်။ မဆိုင်တဲ့သူတွေ မဆိုင်တဲ့နာမည်တွေ မဆိုင်တဲ့အရာတွေကို အမုန်းမပွားပါနဲ့လို့ ကျွန်တော်ပြောချင်ပါတယ်။ ရှေ့ဆက်ပြီး သီချင်းအသစ်တွေတော့ထပ်လုပ်ဖြစ်မယ်။ ဒါပေမဲ့………… ရည်းစားအသစ်တော့ မထားဖြစ်တော့ဘူး" ဆိုပြီး ပြောပြခဲ့ပါတယ်………
Source: Myanmar Celebrity
Go Goe
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။